ပရီးမီးယားလိဂ်
လာလီဂါ
Wednesday, November 14, 2012
လမင်းကြီးကလဲ ထိန်ထိန်သာနေတယ်
ချစ်သူရယ်
ချိန်းတွေ့ခဲ့ဖူးတဲ့ အုန်းပင်လှလှကြီးရဲ့အောက်မှာ
မောင်တစ်ယောက်တည်း အလွမ်းတွေကို
စီစစ်ရင်း နှလုံးသားဒိုင်ယာရီထဲ
သိမ်းဆည်းနေတယ်
ဟာ ..... ဟိုမှာ ကြယ်တစ်လုံး မြေခသွားပြီ
ဆုတောင်းမိလိုက်ပါတယ်
ချစ်ရတဲ့သူရယ် အမြန်ပြန်ခဲ့ပါတော့လို့
ယုံကြည်လို့တော့မဟုတ်ဘူး
အားကိုးရာမဲ့နေလို့ပါချစ်သူ
တစ်ယောက်တည်း အထီးကျန်လွန်းတဲ့နေ့တွေမှာ
ယောင်ယောင်မှားမှားနဲ့ ခလုတ်တိုက်နေတဲ့
ကိုယ့်အတွေးတွေလည်း ရှေ့မတိုးရဲအောင်လောက်ပါပဲ
aungkomyint91@gmail.com
14.11.2012(7:11PM)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment