ပရီးမီးယားလိဂ်

လာလီဂါ

Friday, September 28, 2012

2012 အတွက် အကောင်းဆုံး Android app များ


2012 Best Andriod Apps

Voxer: Walkie-Talkie
Voxer Walkie-Talkie PTT

Voxer Screenshots


တစ်ခါတစ်လေမှာ ဖုန်းခေါ်နေပြီး လာမကိုင်လို့ စောင့်နေရတဲ့အချိန်တွေကို ကျော်လိုက်ချင်မိပါတယ်။ ဒါပေမယ့်လည်းတစ်ဖက်လူက လာမကိုင်သေးတော့ စောင့်နေရဦးမှာပါ။ ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖို့ Voxer Walkie-Talkie ရှိပါတယ်။ ၄င်းဟာ Android 2.2+ မှာအသုံးပြုနိုင်တဲ့ app ဖြစ်ပြီး 4G, 3G, EDGE, WiFi စတာတွေနဲ့အဆင်ပြေပြေသုံးနိုင်ပါတယ်။ စကားပြောလို့မရသည့်တိုင်အောင် စာများ၊ ပုံများ၊ အသံများ၊ ရောက်နေသည့်နေရာအချက်အလက်များကို ပေးပို့နိုင်ပါတယ်။
ဒီ app ဟာအပြင်မှာရှိနေတဲ့ တကယ့် Walkie-Talkie အတိုင်းအလုပ်လုပ်နိုင်ပါတယ်။ စကားပြောရင်တော့ တစ်ဖက်ကပြောနေတာကို   ပြီးတဲ့အထိစောင့်ပြီးမှ ပြန်ပြောလို့ရပါတယ်။ ဖုန်းအနားမှာရှိမနေရင်တောင် app ကမှတ်ထားပေးတာကြောင့် ပြန်ဖွင့်ပြီးနားထောင်လို့ရပါတယ်။ စကားပြောတဲ့အသံတွေတင်မကပါဘူး။ ပို့လိုက်တဲ့ စာတွေ၊ chat message တွေ၊ ပုံတွေ စသည်တွေအားလုံးကိုသိမ်းထားပေးနိုင်ပါတယ်။
Voxer app ဟာကြော်ငြာဝင်တာတွေ လုံးဝမရှိတဲ့အပြင် group chat လည်းလုပ်နိုင်ပါတယ်။ app ကိုအခမဲ့ရနိုင်ပြီး iPhone မှာရော၊ Android မှာပါအသုံးပြုနိုင်သည်။ ၄င်းတို့နှစ်ခုစလုံးကိုလည်း cross-platform လည်းအပြန်အလှန်အသုံးပြုနိုင်သည်။
Voxer ကို download လုပ်ပြီးသုံးတဲ့အခါမှာ Voxer ကိုအသုံးပြုနေတဲ့ Facebook အပေါ်မှာရှိနေတဲ့ ကိုယ့်မိတ်ဆွေတွေကိုပါမြင်ရမှာဖြစ်ပါတယ်။ ၄င်းတို့နဲ့လည်း အပြန်အလှန်စကားပြောခြင်း၊ file ပို့ခြင်းများလုပ်နိုင်ပြီဖြစ်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ်

https://market.android.com/details?id=com.rebelvox.voxer မှတဆင့် download လုပ်နိုင်ပါတယ်။


Speedtest.net

Screenshots

Speedtest.net
မည်သည့် network speed test app များပေါ်ထွက်လာပါစေ SpeedTest.net ကတော့ လက်ရှိအချိန်အထိ အကောင်းဆုံးနေရာမှာ ရှိနေဆဲဖြစ်ပါတယ်။ အင်တာနက်အသုံးပြုမှုများဟာလည်း တစ်နေ့ထက်တစ်နေ့များ ပြားလာပါတယ်။ ဒါကြောင့် ကိုယ့် network ဘယ်လိုအခြေအနေရှိနေသလဲဆိုတာ အမြဲတမ်းသိနေဖို့လိုအပ် ပါတယ်။
ဒီ app ကို Android 1.6 နှင့်အထက်မည်သည့် device မှာမဆိုအသုံးပြုနိုင်ပြီး၊ ၁၀၀% အခမဲ့ဖြစ်ပါတယ်။ Speedtest.net ကို စတင် download လုပ်သည့်အချိန်ကပင်စပြီး ping နှင့် download speed ကိုသိရှိနိုင် မည်ဖြစ်သည်။ ထို့အပြင် app သည်စစ်ဆေးလိုက်သော speed test မှန်သမျှကို စစ်ဆေးလိုက်သော network (WiFi, 3G စသည်ဖြင့်)ကိုပါတွဲပြီး အလိုအလျောက်မှတ်သားပေးထားမည်ဖြစ်သည်။ စစ်ဆေးသောနေ့ရက်၊ အချိန်နှင့်အခြားသောအရေးကြီးအချက်အလက်များကိုပါ မှတ်သားပေးထားမည်ဖြစ်သည်။ စစ်ဆေးမှုပြီးသွားတဲ့ နောက်မှာ Android device မှ CSV file format ဖြင့်ထုတ်ပေးလိုက်မည်ဖြစ်သည်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ်  https://market.android.com/details?id=org.zwanoo.android.speedtest&feature=search_result#?t=W251bGwsMSwyLDEsIm9yZy56d2Fub28uYW5kcm9pZC5zcGVlZHRlc3QiXQ.. မှတဆင့် download ရယူနိုင်မည်ဖြစ်သည်။
Gifboom
GifBoom: Animated GIF Camera

Gifboom Screenshots

GIF ဆိုတာဘာလဲလို့ စာဖတ်သူများသိကြပါသလား? Graphics Interchange Format လို့ခေါ်ပါတယ်။ ပုံတွေကို လှုပ်ရှားနေတဲ့ animation ပုံစံဖြစ်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ Gifboom ကဒီနည်းပညာကို mobile တွေမှာသုံးလို့ရအောင် စီစဉ်ထားတာဖြစ်ပါတယ်။ Animated GIF ကိုအသုံးပြုထားတဲ့ သင့်ဖုန်းကို သင့်မိတ်ဆွေတွေက ကြိုက်နှစ်သက်ကြမှာဖြစ်ပါတယ်။ ပုံတွေရဲ့ shutter speed ကိုလိုသလိုပြောင်းလဲ ချိန်ညှိ နိုင်ပါတယ်။ Animation အဖြစ်ပြောင်းလဲချင်တဲ့ ဘယ်ပုံကိုမဆို GIFBoom ကပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ပြီးရင် ပုံကို Forward ဖြစ်စေ၊ Backward ဖြစ်စေ play လုပ်နိုင်ပါတယ်။ ဒါပြီးရင်တော့ Facebook, Twitter, Tumbir, Email နဲ့ MMS တို့မှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် ၄င်းကို http://gifboom.com/ မှတဆင့် အခမဲ့ download ရယူနိုင်ပါတယ်။


Shazam
Shazam

Shazam

ရေဒီယိုကလွှင့်ခဲ့တဲ့သီချင်းတစ်ပုဒ်ကို ကြိုက်လွန်းလို့နားထောင်ချင်ပါတယ်ဆိုမှ သီချင်းနာမည်မေ့နေလို့ ခက်ခဲနေတယ်ဆိုရင် Shazam ကကူညီပေးနိုင်ပါတယ်။ သီချင်းကိုရှာပေးတဲ့အပြင် စက္ကန့် ၃၀ ကြာဖွင့်ပြပြီး၊ Share လုပ်နိုင်ပါတယ်။ ၄င်းသီချင်းရဲ့ အချက်အလက်အစုံကိုလည်း ရှာဖွေဖတ်နိုင်မှာဖြစ်ပါတယ်။ Shazam logo ပါတယ်ဆိုတာနဲ့ TV show များ၊ ကြော်ငြာများ၊ ကိုပါ tag လုပ်နိုင်တာကိုတွေ့ရပါတယ်။   ငွေပေးဝယ်သုံးရတဲ့ Shazam encore ရော၊ အခမဲ့သုံးနိုင်တဲ့ Shazam free နှစ်ခုစလုံးမှာ tag လုပ်တာ အကန့်အသတ်မရှိလုပ်နိုင်ပါတယ်။   ကြော်ငြာတွေမမြင်ချင်ဘူး၊ Shazam ရေးသူတွေကို ကူညီချင်တယ်ဆိုရင်တော့ USD 5 ပေးရမှာဖြစ်ပါတယ်။ အခမဲ့ရတဲ့ Shazam ကို မှလည်းကောင်း၊ ငွေပေးဝယ်ရတဲ့ Shazam Encore ကို မှလည်းကောင်း download ရယူနိုင်ပါတယ်။

Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် 

Shazam Free ကို https://play.google.com/store/apps/details?id=com.shazam.android&feature=search_result#?t=W251bGwsMSwyLDEsImNvbS5zaGF6YW0uYW5kcm9pZCJd မှအခမဲ့ download ရယူနိုင်ပါတယ်။ Shazam Encore ကိုတော့ USD 5 ဖြင့် https://play.google.com/store/apps/details?id=com.shazam.encore.android&feature=more_from_developer#?t=W251bGwsMSwyLDEwMiwiY29tLnNoYXphbS5lbmNvcmUuYW5kcm9pZCJd မှတဆင့်ရယူနိုင်ပါတယ်။
Lightflow
Lightflow
LightflowScreenshots

Android device တွေနဲ့ပတ်သက်လို့ လူသိမများသေးတဲ့ကိစ္စတစ်ခုကတော့ LED notification light ဖြစ်ပါတယ်။ Galaxy Nexus နဲ့ Motorola Droid တို့မှာ LED notification light ကိုအကောင်းဆုံးအသုံးပြုထားပါတယ်။ notification system ကလုပ်နိုင်တာတွေအားလုံးကို လုပ်နိုင်စေဖို့ အတွက်ဆိုရင်တော့ Light Flow ကိုအသုံးပြုရမှာဖြစ်ပါတယ်။
Light Flow မှာ Light Flow Lite နဲ့ Lite Flow ဆိုပြီး version နှစ်မျိုးရှိပါတယ်။ ၄င်းနှစ်ခုစလုံးဟာ root လုပ်ရန်မလိုပဲ အသုံးပြုနိုင်ပါတယ်။ notification types မျိုးစုံကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Lite flow မှာတော့ SMS, Email, Missed calls စတာတွေအတွက် basic notification အရောင်များကိုသာ အသုံးပြုနိုင်ပါတယ်။ Light Flow ဆိုရင်တော့ notification အမျိုးပေါင်း ၁၄၀ ကျော်ထဲမှ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Version နှစ်ခုစလုံးမှာ contact အပေါ်မူတည်ပြီး၊ notification ကို customized လုပ်နိုင်ပါတယ်။

Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် Light Flow Lite ကို https://play.google.com/store/apps/details?id=com.rageconsulting.android.lightflowlite&hl=en မှတဆင့် အခမဲ့ download ရယူနိုင်ပါတယ်။ Lite Flow ကိုတော့ USD 2 ဖြင့် https://play.google.com/store/apps/details?id=com.rageconsulting.android.lightflow&feature=more_from_developer#?t=W251bGwsMSwxLDEwMiwiY29tLnJhZ2Vjb25zdWx0aW5nLmFuZHJvaWQubGlnaHRmbG93Il0. မှရယူနိုင်ပါတယ်။
SMS Popup
SMS popup
SMS popup

ဖုန်းမှာ Notification လုပ်ထားရင်သုံးစွဲရအဆင်ပြေစေပါတယ်။ Light Flow ကိုသုံးပြီး LED notification ကိုအသုံးပြုထားနိုင်ရင်ပိုကောင်းပါတယ်။ အခုတင်ဆက်မယ့် SMS Popup ဟာလည်း Light Flow LED notification နဲ့တွဲသုံးနိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။
SMS popup Screenshot
SMS popup Screenshot
SMS Popup ဟာအခမဲ့ရနိုင်တဲ့ app တစ်ခုဖြစ်ပြီး SMS incoming message တွေကို popup dialog ဖြင့်ပြပေးနေမှာဖြစ်ပါတယ်။ ၄င်းအပြင် app ကို contact အပေါ်မူတည်ပြီး custom notification များကို message ရဲ့အောက်ခြေနားမှာရှိတဲ့ button ကိုနှိပ်ပြီး allow လုပ်နိုင်ပါတယ်။ Message တစ်ခုဝင်လာတာနဲ့ SMS Popup ကိုသုံးပြီး click တစ်ချက်နှိပ်ရုံပြီး quick reply လုပ်နိုင်ပါတယ်။ Popup box ကိုပိတ်လိုက်တာနဲ့ တပြိုင်နက် “read” ဆိုပြီး အလိုအလျောက်မှတ်သွားမှာဖြစ်ပါတယ်။ Optional privacy mode တစ်ခုအနေနဲ့ sender ရဲ့ အမည်နဲ့ message အထဲမှာပါတဲ့စာတွေကို hide လုပ်ထားနိုင်ပါတယ်။

Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ်
၎င်းကို https://play.google.com/store/apps/details?id=net.everythingandroid.smspopup&feature=search_result#?t=W251bGwsMSwxLDEsIm5ldC5ldmVyeXRoaW5nYW5kcm9pZC5zbXNwb3B1cCJd မှတဆင့်အခမဲ့ရယူနိုင်ပါတယ်။

Chrome Beta

Chrome Beta

Chrome Beta
 
သင်ဟာ Android တို့ရဲ့ ဘိုးအေကြီး Google ကိုကြိုက်နှစ်သက်သူဆိုပါက Chrome ကိုလည်းကြိုက်မှာပါ။ Chrome ဟာကမ္ဘာပေါ်မှာ ဒုတိယအများဆုံးအသုံးပြုတဲ့ web browser အဖြစ်မှ Chromebooks များအတွက် operating system ကိုထုတ်လုပ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ Ice Cream Sandwich ကိုထုတ်လုပ်ပြီးနောက်မှာ Chrome ကိုလည်း mobile web browser အဖြစ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
Chrome ဟာ၎င်းရဲ့ အမြန်နှုန်း၊ ရိုးရှင်းမှု၊ sync လုပ်နိုင်သောစွမ်းရည်များကြောင့် လူကြိုက်များသည်။ Android အတွက် Chrome Beta တွင် Google အမှတ်အသားပါသော omnibox ပါဝင်သည်။ ၄င်းသည် web history, Googling stuff, bookmarks များကိုပြန်လည် ရှာဖွေပေးနိုင်သည့် တစ်လက်မ၏ လေးပုံတစ်ပုံအရွယ်ရှိသော search bar တစ်ခုဖြစ်သည်။ Chrome ကိုသုံးနေကျဆိုရင် omnibox ဆိုတာသင်ရဲ့ဖွင့်ထားတဲ့ open tab တွေဖြစ်ကြောင်းသိပြီးဖြစ်မှာပါ။ Google ကဘယ်အချိန်မှာ screen ကို maximize လုပ်ပြီး standard tab တွေကို ဖယ်ထုတ်ရမလဲဆိုတာသိပါတယ်။ စားပွဲပေါ်မှာဖဲချပ်တွေတင်ထားသလို မြင်ရမှာဖြစ်ပြီး သုံးစွဲရတာ လည်းလွယ်ကူစေပါတယ်။ လက်နဲ့ကိုင်ပြီးလှုပ်သုံးရတဲ့ gesture တွေမှာလည်း တိတိကျကျနဲ့ လျင်လျင်မြန်မြန်အလုပ်လုပ်ပေးနိုင်ပါတယ်။ Tab တွေကိုလည်း အကန့်အသတ်မရှိဖွင့်သုံးနိုင်ပါတယ်။
Google account နဲ့လည်း sync လုပ်ပြီးသုံးနိုင်ပါတယ်။ ဒါကြောင့် Chrome ကိုသုံးထားတဲ့ အခြားမည်သည့် device မှာမဆို sync လုပ်ပြီးလည်းအသုံးပြုနိုင်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ်
၎င်းကို https://play.google.com/store/apps/details?id=com.android.chrome&feature=search_result#?t=W251bGwsMSwxLDEsImNvbS5hbmRyb2lkLmNocm9tZSJd မှတဆင့် အခမဲ့ရယူနိုင်ပါတယ်။

Chrome to Phone
Google Chrome to Phone

Chrome to Phone

  • Google Chrome to Phone screenshot 1
  • Google Chrome to Phone screenshot 2
  • Google Chrome to Phone screenshot 0
  • Google Chrome to Phone screenshot 1
  • Google Chrome to Phone screenshot 2
အကယ်၍သင်ဟာ Chrome ကို laptop, desktop တို့မှာအသံုးပြုနေသူဆိုပါက သင်သုံးနေတဲ့ mobile device အပေါ်မှာလည်း Chrome ကိုအသုံးပြုဖို့ စဉ်းစားမိမှာပါ။ Android အတွက် Chrome beta ဟာ သင့်ကွန်ပျူတာမှာသုံးသလို tab တွေဖွင့်ပြီးအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် သင့် mobile မှာတော့ Ice Cream Sandwich ရှိဖို့တော့လိုအပ်ပါတယ်။ မရှိရင်သုံးမရပါဘူး။
ဒီအချိန်မှာ သင့်ကွန်ပျူတာက Chrome မှတဆင့် Chrome to Phone ဆိုတဲ့ app ကို click နှိပ်လိုက်တာနဲ့ သင်ကြည့်ချင်တဲ့ website ဟာဖုန်းထဲကို notification အနေနဲ့ရောက်သွားမှာဖြစ်ပါတယ်။ ပြီးရင် ဖုန်းထဲက notification ကို click နှိပ်ပြီး ဖွင့်ကြည့်စေချင်တဲ့ link ဟာဖုန်းထဲက default browser မှာပေါ်လာမှာဖြစ်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ်  ၄င်း app ကို https://play.google.com/store/apps/details?id=com.google.android.apps.chrometophone&feature=search_result မှတဆင့် အခမဲ့ရယူနိုင်ပါတယ်။
အကယ်၍သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဖုန်းကနေ Chrome ကိုလည်းပြန်ပို့ချင်တယ်ဆိုရင် Phone 2 Chrome ဆိုတဲ့ app ကို Android Market ကနေအခမဲ့ရယူနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.lg.valle.phone2chrome&feature=related_apps#?t=W251bGwsMSwyLDEwOSwiY29tLmxnLnZhbGxlLnBob25lMmNocm9tZSJd မှာဖြစ်ပါတယ်။


Color Note

Color NoteColorNote Notepad Notes

Color Note

လူတစ်ချို့မှာသာလျှင် Photographic memory လို့ခေါ်တဲ့ ဓါတ်ပုံရိုက်ထားသလိုထင်ထင်ရှားရှားမှတ်မိ နေတဲ့မှတ်ဥာဏ်မျိုးရှိပါတယ်။ ကျန်သူတွေဆိုရင်တော့ ဒီဘက်နားက၀င်ပြီး နောက်နားတစ်ဖက်ကနေထွက် သွားမှာဖြစ်ပါတယ်။ ဒီလိုမဖြစ်ရအောင် Android အပေါ်မှာသုံးနိုင်တဲ့ ColorNote ဆိုတဲ့ app ရှိပါတယ်။
ColorNote ဟာ စာတွေ၊ လုပ်ရန်ရှိ checklist တွေရေးပြီး မတူညီတဲ့အရောင်တွေနဲ့ မှတ်ထားနိုင်ပါတယ်။ လျှို့ဝှက်ချက်တွေရှိတယ်ဆိုရင်လည်း တစ်ခြားသူတွေမမြင်ရအောင် ၀ှက်ထားနိုင်ပါတယ်။ လုပ်ရန်ရှိအလုပ် တွေကိုပဲ စာတွေရေးမှတ်ထားတာကလည်း ထိရောက်မှုမရှိသေးပါဘူး။
ColorNote က status bar မှာ notification ကို reminder အနေနဲ့လာပြပေးမှာဖြစ်ပါတယ်။ ပြီးတော့ ColorNote widget ရဲ့ Homepage မှာ မှတ်စုတွေကို တင်ထားပေးမှာဖြစ်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် ၄င်းကို https://play.google.com/store/apps/details?id=com.socialnmobile.dictapps.notepad.color.note&feature=search_result မှတဆင့်အခမဲ့ရယူနိုင်ပါတယ်။

Movies
Flixster
Flixster

ရုပ်ရှင်ကြည့်ဖို့အတွက် ဘာရုပ်ရှင်တွေပြနေလဲဆိုတာ သတင်းစာဖတ်မှသိရပါတယ်။ ဒါပေမယ့် နံပါတ်တစ်နေရာမှာ Flixster ဆိုတဲ့ ရုပ်ရှင်သတင်း၊ ရုပ်ရှင်ကြော်ငြာ၊ ဝေဖန်ရေးများစသည်ကို ဖတ်နိုင်တဲ့ app ရှိပါတယ်။ Flixster ကမကြာခင်ထွက်မယ့်ရုပ်ရှင်သတင်းများနဲ့ ရုပ်ရှင်ရုံများမှာဘာပြနေသလဲဆိုတာတွေကို ဖတ်နိုင်မှာဖြစ်ပါတယ်။Flixster ကရုပ်ရှင် Trailer များကိုပြသပေးမည့်အပြင်၊ ရုပ်ရှင်ဓါတ်ပုံများ၊ ရုပ်ရှင်အဆင့်သတ်မှတ်မှုများ၊ ဝေဖန်မှုများကိုပါမြင်တွေ့နိုင်မည်ဖြစ်သည်။ ရုပ်ရှင်ပြီးသွားတဲ့နောက်ပိုင်းမှာလည်း DVD ကိုဘယ်နေ့၊ ဘယ်ဆိုင်တွေမှာဝယ်နိုင်မလဲဆိုတာတွေကိုပါ ပြထားမှာဖြစ်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ်  https://play.google.com/store/apps/details?id=net.flixster.android&feature=search_result#?t=W251bGwsMSwyLDEsIm5ldC5mbGl4c3Rlci5hbmRyb2lkIl0. မှတဆင့်အခမဲ့ရယူနိုင်ပါတယ်။
Flixster Screenshot
Flixster Screenshot
PdaNet
PdaNet
PdaNet

Internet tethering ဆိုတာ Android 2.2 (Froyo) ခေတ်ကတည်းက စပေါ်လာတာဖြစ်ပါတယ်။ ဖုန်းရဲ့ Internet connection ကိုနီးစပ်ရာအင်တာနက်သုံးနိုင်တဲ့ device တွေကို share လုပ်ပေးတဲ့ service app ဖြစ်ပါတယ်။ PdaNet software ကိုသုံးချင်ရင် root လုပ်ဖို့မလိုပါဘူး။ ကွန်ပျူတာနဲ့ share လုပ်ပြီးသုံးဖို့ အတွက် Pda desktop client ကို download လုပ်ထားဖို့လိုပါတယ်။
PdaNet Screenshot
PdaNet Screenshot
Tablet တွေအပေါ်မှာ data share လုပ်ဖို့အတွက် June Fabrics က Pda Net ကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Pda Net ဟာ ကွန်ပျူတာနဲ့ internet connection ယူနေချိန်မှာ lag ဖြစ်မှုလုံးဝမရှိအောင်ဆောင်ရွက်ပေးနိုင်ပါတယ်။ 4G connection ကိုသုံးနိုင်တယ်ဆိုရင် WiFi မှာလည်း 100Mbps အပြည့်သုံးနိုင်ပါတယ်။

Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် ၄င်းကို https://play.google.com/store/apps/details?id=com.pn.helper&hl=en မှတဆင့်အခမဲ့ရယူနိုင်ပါတယ်။ Android 1.5 နှင့်အထက်ရှိသောမည်သည့် android device တွင်မဆိုအသုံးပြု နိုင်ပါတယ်။

TV Listings
TV Listings
TV Listings
TV Listings သည် android market မှာအကောင်းဆုံးသော TV အစီအစဉ်များသိနိုင်တဲ့ app ဖြစ်ပါတယ်။ Service provider ပေါင်း ၁၀၀ ကျော်ထံမှ TV လိုင်းပေါင်း 13,000 ကျော်ကိုသိရှိနိုင်ပါတယ်။ TV ကဘာအစီ အစဉ်လာမလဲဆိုတာ Channel တစ်ခုချင်းစီအလိုက်အမြန်ဆုံးနဲ့အတိကျဆုံးသိနိုင်ပါတယ်။ ကိုယ်ကြိုက်တဲ့ အစီအစဉ်ကို ရှာတွေ့ရင်လဲ လွတ်မသွားအောင် reminder မှတ်ထားနိုင်ပါတယ်။
TV Listings Screenshot
TV Listings Screenshot
TV Listings မှာအဓိက ပြထားတာတွေကတော့ ရုပ်ရှင်တွေနဲ့ အားကစားကဏ္ဍတွေပဲဖြစ်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် ၄င်းကို https://play.google.com/store/apps/details?id=usa.jersey.tvlistings&feature=search_result#?t=W251bGwsMSwyLDEsInVzYS5qZXJzZXkudHZsaXN0aW5ncyJd မှတဆင့် အခမဲ့ရနိုင်ပါတယ်။


Words with Friends
Words with Friends
Words with Friends

Android market အထဲမှာ အများဆုံးက ဘာလဲလို့မေးရင် game လို့ပဲဖြေရမှာပါ။ နောက်ထွက်လာတဲ့ game တွေဟာ အရင်ထွက်ပြီး သားတွေထက် ပိုပြီးစွဲလမ်းမှုရစေတယ်ဆိုတာသိလာရပါတယ်။  Android game တွေထဲမှာ အခုရက်ပိုင်းမှာ လူကြိုက်များကစားလာတာကတော့ Words with Friends ဖြစ်ပါတယ်။ အပြင်မှာ Scrabble ကစားတဲ့အတိုင်းဖြစ်ပါတယ်။ Facebook ကတဆင့် account အသစ်တစ်ခုရယူပြီး စတင်ကစားနိုင် ပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘယ်သူငယ်ချင်းက ကစားနေသလဲဆိုတာကိုပါ ပြပေးနေမှာဖြစ်ပါတယ်။
သူ့လိုပဲအခြားလူကြိုက်များတဲ့ game တစ်ခုရှိပါသေးတယ်။

Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် Hanging with Friends (Hangman) ဖြစ်ပြီး https://play.google.com/store/apps/details?id=com.zynga.hanging&feature=more_from_developer#?t=W251bGwsMSwyLDEwMiwiY29tLnp5bmdhLmhhbmdpbmciXQ.. မှတဆင့် အခမဲ့ရနိုင်ပါတယ်။ Words with Friends ကိုကစားလိုပါက https://play.google.com/store/apps/details?id=com.zynga.words&hl=en မှတဆင့် အခမဲ့ ရယူနိုင်ပါတယ်။


Google Music
Google Music
Google Music

Android သုံးစွဲသူတွေဟာ အခုအချိန်အထိ သီချင်းများနားထောင်ဖို့နဲ့ ၀ယ်ဖို့အတွက် နေရာတစ်ခု တိတိကျကျမရှိသေးပါ။ Google Music ဟာသီချင်းများကို ဖွင့်ပေးနိုင်ရုံသာမက online အပေါ်မှာသီချင်းများ သိမ်းပေးထားနိုင်ပါတယ်။ သင့် device အထဲမှာ နေရာလွတ်မရှိမှာ မပူရတော့ပါဘူး။ အင်တာနက်မရှိရင်လဲ သီချင်းများကို offline ဖွင့်နိုင်အောင်လည်းစီစဉ်ပေးထားပါတယ်။ Google Music ဟာ Google Music Store နဲ့ Android device တွေအကြားမှာ အပြန်အလှန်ချိတ်ဆက်မှုရအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ သင့်ကွန်ပျူတာမှ သီချင်းအပုဒ်ပေါင်း 20,000 အထိကို online အပေါ်သို့တင်ထားနိုင်ပြီး အင်တာနက်ချိတ် ဆက်နိုင်သောမည်သည့် device နှင့်မဆိုနားထောင်နိုင်သည်။ Google Music ၏ interface ပိုင်းဆိုင်ရာ ကောင်းမွန်မှုများကြောင့် ၄င်း၏ပြိုင်ဘက်များအပေါ် အသာစီးရစေခဲ့သည်။ လက်ရှိအချိန်အထိတော့ Google Music သည် Android music ပိုင်းတွင် အကောင်းဆုံးအနေဖြင့်ရှိနေသည်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် ၄င်းကိုသုံးစွဲလိုပါက https://market.android.com/details?id=com.google.android.music&feature=search_result#?t=W251bGwsMSwxLDEsImNvbS5nb29nbGUuYW5kcm9pZC5tdXNpYyJd မှတဆင့် အခမဲ့ရယူနိုင်ပါတယ်။

The Weather Channel
Weather Channel
Weather Channel

  • The Weather Channel screenshot 1
  • The Weather Channel screenshot 0
  • The Weather Channel screenshot 0
  • The Weather Channel screenshot 1
ရာသီဥတုဆိုတာ ခန့်မှန်းရခက်ပါတယ်။ အပြင်ထွက်တော့မယ်ဆိုတဲ့ နေ့တွေမှာ ရာသီဥတုအခြေအနေ ဘယ်လိုရှိမလဲဆိုတာ ကြိုသိထားရင်ပိုကောင်းပါတယ်။ Weather Channel ကတော့ Android Market အထဲမှာ အကောင်းဆုံး ရာသီဥတုခန့်မှန်းတဲ့ app တစ်ခုဖြစ်ပါတယ်။ သင့်နေရာကိုသတ်မှတ်ပြီးပြီဆိုတာနဲ့ Weather Channel ကလက်ရှိရာသီဥတုအခြေအနေကို တင်ပြပေးမှာဖြစ်ပါတယ်။
Weather Channel Screenshot
Weather Channel Screenshot
တစ်ချိန်တည်းမှာပဲ အခြားမြို့များရဲ့ ရာသီဥတုအခြေအနေကိုလည်း တစ်ပြိုင်နက်တည်းမြင်နိုင်မှာဖြစ်ပါတယ်။ Maps ဆိုတဲ့ button ကိုနှိပ်ပြီးလည်း radar map ဖြင့် layer များ၊ mode များခွဲ၍ကြည့်ရှုနိုင်ပါတယ်။ အသုံးပြုလိုပါက Android 2.1 အထက်ရှိရန်လိုအပ်ပြီး၊

Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် https://play.google.com/store/apps/details?id=com.weather.Weather&feature=search_result#?t=W251bGwsMSwxLDEsImNvbS53ZWF0aGVyLldlYXRoZXIiXQ.. မှတဆင့် အခမဲ့သုံးစွဲနိုင်ပါတယ်။


ESPN ScoreCenter
ESPN ScoreCenter
ESPN ScoreCenter

  • ESPN ScoreCenter screenshot 1
  • ESPN ScoreCenter screenshot 0
  • ESPN ScoreCenter screenshot 0
  • ESPN ScoreCenter screenshot 1
အားကစားကိုစိတ်ပါဝင်စားသူမည်သူမဆိုရှိထားသင့်သော app တစ်ခုဖြစ်ပါတယ်။ ESPN ScoreCenter ဟာ သင်စိတ်ဝင်စားတဲ့အားကစား၊ အားကစားအသင်းနဲ့ ပတ်သက်တဲ့ ရလဒ်မှန်သမျှကို ကစားပွဲကစားနေချိန်နဲ့ တစ်ပြိုင်နက်တည်းပြသပေးနေမှာဖြစ်ပါတယ်။ လက်ရှိကစားပွဲနဲ့ပတ်သက်တဲ့ အချက်အလက်များကိုလည်း အမှတ်များနဲ့တကွ ပြပေးနေမှာဖြစ်ပါတယ်။ ဒီနှစ်အတွင်းကစားပွဲများရဲ့ရလဒ်အလိုက် အဆင့်လိုက်ရပ်တည်မှု များကိုလည်းဖော်ပြပေးထားမှာဖြစ်ပါတယ်။ ချက်ချင်းဖွင့်ကြည့်နိုင်ဖို့အတွက်လည်း Favorite team တွေကိုလည်း မှတ်ထားပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ESPN ရဲ့အယ်ဒီတာများရဲ့ ဝေဖန်မှု၊ ခန့်မှန်းမှုများကိုပါ video clip များနှင့်ကြည့်နိုင်မှာဖြစ်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် ၄င်းကို https://market.android.com/details?id=com.espn.score_center&feature=search_result#?t=W251bGwsMSwxLDEsImNvbS5lc3BuLnNjb3JlX2NlbnRlciJd မှတဆင့် အခမဲ့ရနိုင်ပါတယ်။


Wikipedia
Wikipedia
Wikipedia

  • Wikipedia screenshot 1
  • Wikipedia screenshot 0
  • Wikipedia screenshot 0
  • Wikipedia screenshot 1
Wikipedia လို့ပြောလိုက်တာနဲ့ အင်တာနက်ပေါ်ကကမ္ဘာ့စွယ်စုံကျမ်းလို့ ချက်ချင်းသိနိုင်ပါတယ်။ Wikipedia ကို mobile device တွေကနေ ၂၀၀၄ ကတည်းကဖတ်လို့ရနေပါတယ်။ ဒါပေမယ့် တကယ့် mobile website အစစ်ကိုတော့ ၂၀၀၇ အကုန်အထိမတင်နိုင်ခဲ့ပါဘူး။ အခုတော့ Android အတွက် Wikipedia app ကိုရနိုင်ပြီဖြစ်ပါတယ်။ ၄င်းမှာ အကြောင်းအရာပေါင်း သန်း ၂၀ ကျော်ကို ဘာသာစကားပေါင်း ၂၈၀ ဖြင့်ဖတ်ရှု နိုင်ပြီဖြစ်ပါတယ်။ Offline ဖတ်နိုင်အောင်လည်းစီစဉ်ထားပါတယ်။ ဘာသာစကားတွေကိုလည်း စိတ်ကြိုက်ပြောင်းလဲဖတ်ရှုနိုင်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် ၄င်း app ကိုလိုချင်ပါက https://market.android.com/details?id=org.wikipedia&feature=search_result#?t=W251bGwsMSwyLDEsIm9yZy53aWtpcGVkaWEiXQ.. မှတဆင့် အခမဲ့ download ရယူနိုင်ပါတယ်။
Wikipedia Screenshot
Wikipedia Screenshot


Home Switcher
Home Switcher
Home Switcher
အကယ်၍သင်က launcher များရှိပြီး တစ်ခုနဲ့တစ်ခုပြောင်းလဲနေချင်တယ်ဆိုရင် Home Switcher app ကိုအသုံးပြုနိုင်ပါတယ်။ Home Switcher ဟာသင့်နဂိုရှိပြီးဖြစ်တဲ့ Standard Android Home အပါအ၀င် launcher ကပေးထားတဲ့မည်သည့် home ကိုမဆို default အနေနဲ့ပြောင်းလဲနိုင်ပါတယ်။ ဆိုလိုချင်တာက Home button ကိုနှိပ်လိုက်ရင် ဘာပေါ်လာစေချင်သလဲဆိုတာ သတ်မှတ်ထားနိုင်ပါတယ်။
Launcher ဆိုတာ သေသေချာချာမသိသေးရင်တော့
1.    Go Launcher Ex (https://play.google.com/store/apps/details?id=com.gau.go.launcherex&feature=search_result#?t=W251bGwsMSwxLDEsImNvbS5nYXUuZ28ubGF1bmNoZXJleCJd)
2.    SPB Shell 3D (https://play.google.com/store/apps/details?id=com.spb.shell3d&feature=search_result#?t=W251bGwsMSwyLDEsImNvbS5zcGIuc2hlbGwzZCJd)
3.    LauncherPro (https://play.google.com/store/apps/details?id=com.fede.launcher&feature=search_result#?t=W251bGwsMSwyLDEsImNvbS5mZWRlLmxhdW5jaGVyIl0.)
တို့ကိုစမ်းသုံးကြည့်နိုင်ပါတယ်။

Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် Home Switcher ကိုစမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ https://market.android.com/details?id=ymst.android.homeswitcher&feature=search_result#?t=W251bGwsMSwxLDEsInltc3QuYW5kcm9pZC5ob21lc3dpdGNoZXIiXQ..  မှတဆင့် အခမဲ့ရနိုင်ပါတယ်။

Battery Indicator
Battery Indicator
Battery Indicator
Android မှာပါတဲ့ battery indicator ကမှန်မှန်ကန်ကန်မပြတာကို တွေ့နေရပါတယ်။ Battery indicator app ကသင့် battery မှာအားသွင်းထားလို့ ဘယ်လောက်ရာခိုင်နှုန်းပြည့်နေပြီကို notification bar တွင် icon ငယ်တစ်ခုဖြင့်ပြပေးနေမည်ဖြစ်သည်။ ၄င်းအပြင် battery အပူချိန်၊ ကျန်းမာရေး၊ voltage၊ plug ထိုးထားချိန်၊ plug မထိုးထားချိန်ဘယ်လောက်ရှိပြီ စသည်ကိုအသေးစိတ်ဖော်ပြနေသည်။ Battery Indicator သည် settings များမလုပ်ခင်၊ အခြား application များမဖွင့်မီ ဘယ်လောက်ကျန်ရှိနေသေးလဲဆိုတာ သိနိုင်ဖို့ အကောင်းဆုံးသော app ဖြစ်သည်။ ၄င်းသည်အလွန်ရိုးရှင်းပြီး၊ အခမဲ့သုံးနိုင်သော်လည်း ကြော်ငြာများဝင်ပြ ခြင်းလုံးဝမရှိပါ။ အားဖြည့်နေစဉ်မှာလည်း ၁% စီအလိုက်တိတိကျကျပြပေးနေသည်။ ငွေပေးပြီး ၀ယ်သုံးရသော Battery Indicator Pro (USD 2.50) လည်းရှိသည်။ အခမဲ့သုံးနိုင်သည့် Battery Indicator ကို https://play.google.com/store/apps/details?id=com.darshancomputing.BatteryIndicator&feature=search_result#?t=W251bGwsMSwxLDEsImNvbS5kYXJzaGFuY29tcHV0aW5nLkJhdHRlcnlJbmRpY2F0b3IiXQ.. မှတဆင့် download ရယူနိုင်သည်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် Iris
Iris
Iris

  • iris. (alpha) screenshot 2
  • iris. (alpha) screenshot 3
  • iris. (alpha) screenshot 4
  • iris. (alpha) screenshot 1
  • iris. (alpha) screenshot 2
  • iris. (alpha) screenshot 3
ကွန်ပျူတာလောကထဲကလူတော်တော်များများဟာ Apple ရဲ့ Personal assistant app ဖြစ်တဲ့ Siri ကိုကြား ဖူးကြမှာပါ။ အဲဒီလိုမျိုးပဲ Android အတွက်လုပ်ထားတာဖြစ်ပါတယ်။ သူ့အရင်ကထွက်ခဲ့တဲ့ Google Voice Command လိုပဲ နှုတ်ကစေခိုင်းတဲ့ Command တွေကို အလုပ်လုပ်ပေး တာထက် sentence တွေကို decipher ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာတဲ့အလုပ်တွေကိုပါ လုပ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။
Siri ရဲ့ပြောင်းပြန်စာလုံးပေါင်းနဲ့ပေါင်းထားတဲ့ Iris ဟာ Siri ရဲ့ကိုယ်ပွားပုံစံတူပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ၄င်း app ကိုသုံးပြီး သင့်ဖုန်းကို တစ်စုံတစ်ယောက်ဆီသို့ text message ပို့တာဖြစ်စေ၊ ခေါ်ဆိုမှု ပြုလုပ်တာဖြစ်စေ၊ အနီးအနားမှာ ဘာရှိသလဲဆိုတာရှာဖွေတာဖြစ်စေ၊ သီချင်းဖွင့်တာဖြစ်စေ၊ သတင်းတွေဖတ်ဖို့ ရှာတာဖြစ်စေ၊ စသည်ဖြင့်မြောက်မြားစွာကိုလုပ်ပေးနိုင်သည်။
Iris ဘယ်လောက်လုပ်ပေးနိုင်သလဲဆိုတာ Siri နဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ChaCha ဆိုတဲ့အချက်အလက် တွေရှာပေးနိုင်တဲ့ Database တစ်မျိုးနဲ့တွဲပြီး Iris ကအကောင်းဆုံးဆောင်ရွက်ပေးနိုင်ပါတယ်။ အသေးစိတ်ကို လေ့လာချင်ရင် http://www.youtube.com/watch?feature=player_embedded&v=77B8DF0XMGc မှာ ကြည့်နိုင်ပါတယ်။
Iris ကိုသုံးချင်ရင်တော့ Voice Search နဲ့ TTS Library တို့ကို install လုပ်ထားပေးဖို့တော့လိုပါတယ်။ ဖုန်းအများစုမှာတော့ install လုပ်ပြီးသားဖြစ်နေတတ်ပါတယ်။ မရှိသေးရင်တော့ Android market မှာရှာပြီး install လုပ်နိုင်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် Iris ကိုသုံးချင်တယ်ဆိုရင်တော့ https://play.google.com/store/apps/details?id=com.dexetra.iris&feature=search_result#?t=W251bGwsMSwyLDEsImNvbS5kZXhldHJhLmlyaXMiXQ.. မှတဆင့် အခမဲ့ရနိုင်ပါတယ်။

Lookout Mobile Security
Lookout Mobile Security
Lookout Mobile Security
အခုအချိန်ကစပြီး Android သုံးစွဲသူတွေ malware, spyware, Trojan စတာတွေကို သတိထားဖို့လိုအပ်လာပါပြီ။ Lookout Mobile Security ဆိုတာ Android device တွေအတွက် အကောင်းဆုံးသော anti-virus software တစ်ခုဖြစ်ပါတယ်။ app အသစ်တစ်ခုကို download လုပ်ပြီး install လုပ်လိုက်တာနဲ့ Lookout က background မှာတင်အလိုအလျောက်စစ်ဆေးပြီးရှင်းလိုက်မှာဖြစ်ပါတယ်။ Lookout.com ကိုသွားပြီး၊ သုံးစွဲသူတွေဟာ ၄င်းတို့ရဲ့ဖုန်းတွေကိုရှာပြီး GPS function ပိတ်ထားသည့်တိုင်အောင်၊ ဖုန်းသို့မဟုတ် tablet များကို silent သတ်မှတ်ထားသည့်တိုင်အောင် alarm သတ်မှတ်ထားနိုင်ပါတယ်။ သင့် android device ကိုလုံခြုံစိတ်ချစေချင်ရင်တော့ Lookout ကအကောင်းဆုံး ဖြစ်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ်  Lookout ကို https://market.android.com/details?id=com.lookout&feature=search_result#?t=W251bGwsMSwxLDEsImNvbS5sb29rb3V0Il0. မှတဆင့် အခမဲ့ရယူနိုင်ပါတယ်။

Beautiful Widgets
Beautiful Widgets
Beautiful Widgets
 
Widgets တွေဟာ Android platform မှာတော့ အဓိကကျတဲ့အခန်းမှာ ရှိနေပါတယ်။ Beautiful Widget ဆိုတာ နာရီ၊ ရာသီဥတု၊ နေ့ရက်အချိန်၊ စတာတွေကို custom လုပ်နိုင်တဲ့ widget တွေပဲဖြစ်ပါတယ်။ Home page ကိုလှလှပပဖြစ်အောင်စီစဉ်ထားပြီး အရေးကြီးအချက်အလက်တွေကို app တွေဖွင့်ရန်မလိုဘဲ ချက်ချင်း access လုပ်နိုင်အောင်စီစဉ်ပေးထားပါတယ်။
Widget တစ်ခုချင်းစီကို အရွယ်အစားအပါအ၀င် customize လုပ်လို့ရအောင် skin ပေါင်း ၃၀၀ ကျော်ထည့် ပေးထားပါတယ်။ သင့်ဖုန်းနဲ့သင့်တော်ရာကို ရွေးချယ်နိုင်ပါတယ်။ LevelUp Studio ကထုတ်လုပ်တဲ့ Widget တွေကို download လုပ်ပြီး စမ်းသုံးကြည့်နိုင်ပါတယ်။ အခမဲ့တော့မဟုတ်ပါဘူး။ တစ်ခုကို USD 2.89 ပေးရပါတယ်။ အားသာချက်တစ်ခုကတော့ မကြိုက်ရင် ၁၅ မိနစ်ကနေ ၂၄ နာရီအတွင်း ငွေပြန်အမ်းတဲ့ policy ရှိပါတယ်။

Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ် https://play.google.com/store/apps/details?id=com.levelup.beautifulwidgets&feature=search_result#?t=W251bGwsMSwxLDEsImNvbS5sZXZlbHVwLmJlYXV0aWZ1bHdpZGdldHMiXQ.. မှတဆင့် ရယူနိုင်ပါတယ်။

SPB Shell 3D
SPB Shell 3D
SPB Shell 3D
Android ရဲ့အားသာချက်တစ်ခုကတော့ Customization ကိုလိုသလိုလုပ်နိုင်တာပဲဖြစ်ပါတယ်။ တိတိကျကျပြောရရင် Launcher တွေ၊ Skin တွေ အမြောက်အမြားရှိပါတယ်။ အဲဒီအထဲမှာမှ SPB Shell 3D က app ထုတ်လိုက်တာ သိပ်မကြာသေးပါဘူး။ USD 14.95 သာကျသင့်ပါတယ်။ သုံးစွဲလိုပါက


Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်

PC ဒေါင်းလုပ်
https://market.android.com/details?id=com.spb.shell3d&feature=search_result#?t=W251bGwsMSwyLDEsImNvbS5zcGIuc2hlbGwzZCJd မှတဆင့်ရနိုင်ပါတယ်။

Cut the Rope
Cut the rope
Cut the rope
ဒီ game ဟာ iOS မှာ ၂၀၁၀ နှစ်ကုန်ပိုင်းလောက်ကတည်းက ကစားနိုင်ပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒီ Game ကိုရေးသားခဲ့တဲ့ Zepto Lab က Android အတွက်ရေးပြီး ထုတ်ဝေခဲ့တာကြောင့် android မှာပါ စတင်ကစားနိုင်ပြီဖြစ်ပါတယ်။ ဗိုက်ဆာနေတဲ့ အစိမ်းရောင်အကောင်လေး Om Nom ကိုသကြားခဲလေးတစ်ခုကိုက်မိအောင် ကြိုးတွေဖြတ်ချပြီး ရောက်အောင်ပို့ရတဲ့ game ဖြစ်ပါတယ်။ အနည်းဆုံး ကြယ်တစ်ပွင့်ရအောင် ကစားရမှာဖြစ်ပါတယ်။ လွှတွေ၊ လှံတွေ၊ ပင့်ကူတွေ၊ ဦးထုပ်ပျံတွေကြားထဲမှာမှ Om Nom ကိုလွတ်အောင် ကြိုးတွေကိုဖြတ်ချပြီး ကစားရမှာဖြစ်ပါတယ်။
Android market အထဲမှာ ဒီ game ကိုကစားပြီးသူပေါင်း သန်း၆၀ကျော်ရှိနေပြီလို့ သိရပါတယ်။ ပျမ်းမျှအားဖြင့် ကြယ်ပေါင်း 4.7 ရထားတာကိုတွေ့ရပါတယ်။ Game ကို USD 1 နဲ့ဝယ်ပြီးတဲ့နောက်မှာ Level ပေါင်း ၂၅၀ ကိုကစားနိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ နောက် level များထပ်လာပါဦးမယ်ဆိုပြီး ရပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်လကို level 25 ခုလောက်ပုံမှန်ထွက်နေတာဖြစ်လို့ များမကြာမီအချိန်အတွင်းမှာပင် ချက်ချင်းဆက်ကစားနိုင်မှာဖြစ်ပါတယ်။ ကစားလိုပါက Android 1.6 နှင့်အထက်ရှိဖို့လိုအပ်ပြီး၊
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ်
 https://play.google.com/store/apps/details?id=com.zeptolab.ctr.paid&feature=search_result#?t=W251bGwsMSwyLDEsImNvbS56ZXB0b2xhYi5jdHIucGFpZCJd မှတဆင့် download ရယူနိုင်ပါတယ်။

Flick Kick Field Goal
Flixk Kick Field Goal
Flick Kick Field Goal
Flick Kick Field Goal ဆိုတဲ့ game ကိုကစားပြီးရင် Rugby ကစားသမားတစ်ယောက်ရဲ့ ဂိုးပေါက်ကန်သွင်းခါ နီးစိတ်ခံစားချက်၊ စိတ်ပူမှုတွေကိုနားလည်စေမှာဖြစ်ပါတယ်။ Game ကစားနေတယ်ဆိုတာသိနေပေမယ့်လည်း ပီပြင်လွန်းသောကြောင့် ရင်ခုန်မှုကိုပါခံစားရသည်။ Game mode ထဲမှာလည်း level များအလိုက် လိုသလိုပြောင်းလဲနိုင်သည်။ အဓိက ကတော့ ဂိုးတိုင်နှစ်တိုင်အကြားကို ၀င်အောင်သွင်းရမှာဖြစ်ပါတယ်။ ကစား နေစဉ်အချိန်မှာလည်း တိုက်နေတဲ့လေ၊ အကွာအဝေးစသည်များကို ချိန်တွက်ပြီး ဘောလုံးကိုကန်ရမှာဖြစ်ပါတယ်။ လက်ရဲ့တွန်းအား၊ angle အပေါ်မူတည်ပြီး ဘောလုံးဟာထွက်သွားမှာဖြစ်ပါတယ်။ သူငယ်ချင်းများနဲ့လည်း အပြိုင်ကစားနိုင်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PC ဒေါင်းလုပ်  https://market.android.com/details?id=com.pikpok.kikfgko&feature=more_from_developer#?t=W251bGwsMSwyLDEwMiwiY29tLnBpa3Bvay5raWtmZ2tvIl0. မှတဆင့် အခမဲ့ရယူနိုင်ပါတယ်။
Flick Kick Field Goal Screenshot


Android 2.1 နှင့်အထက်မှာသုံးရင်တော့ လုံးဝဆန်းသစ်တဲ့ interface ကိုမြင်ရမှာဖြစ်ပါတယ်။ သုံးစွဲသူပေါင်း တစ်သိန်းကျော် ရှိပြီးဖြစ်တဲ့ ဒီ app ဟာ ဈေးနှုန်းတန်၊ မတန်စဉ်းစားစရာမလိုတော့ပါဘူး။ SPB Shell 3D pack မှာ folder ပေါင်းများစွာပါဝင်ပြီး widget များနဲ့ panel များလည်းပါဝင်သည်။ ၄င်းတို့ကို ကြိုက်သလို customize လုပ်နိုင်ပြီး animation များနှင့် 3D တို့ကိုစုံစုံလင်လင်မြင်တွေ့ရမည်ဖြစ်သည်။ ဒီ app ကို download လုပ်ပြီးသွားသည့်နောက်တွင် skin များနှင့် plugin များကို ထပ်ထည့်ရန်မလိုအပ်တော့ပါ။
အနှစ်ချုပ်အနေနဲ့ပြောရရင် ဖော်ပြပါ app များဟာ လက်ရှိအချိန်အထိတော့ အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ငွေပေးဝယ်ရတာရော၊ အခမဲ့ရနိုင်တာတွေရောနဲ့ စုံစုံလင်လင်ရှိပါတယ်။ သုံးစွဲသူများလည်း များပြားသလို အကောင်းဆုံးဖြစ်သည်ဟု ထောက်ခံမှုများရရှိထားသော app များဖြစ်ပါသည်။ များမကြာခင် အချိန်အတွင်းမှာလည်း ပိုမိုကောင်းမွန်သော app အသစ်များထွက်ပေါ်လာမည်ဖြစ်ကြောင်းကိုလည်း သတင်း ကောင်းပါးအပ်ပါသည်။

Kaung Myat Htut

 

from - http://www.myanmarandroiduser.blogspot.com

No comments:

Post a Comment