ပရီးမီးယားလိဂ်

လာလီဂါ

Thursday, April 4, 2013

How to Draw: Anime Manga


Japan ကာတွန်း Comic တွေကို သဘောကျတဲ့
Android သမားတွေအတွက် ဖုန်းထဲကနေ
Manga ဆွဲနည်း လေ့လာသင်ယူလို့ရပါပြီ
ကျွန်တော်လဲ တော်တော်လေး
သဘောကျလို့ ပြန်တင်ပေးလိုက်ပါတယ်...

INFORMATION
Author :Kids Art Studios
Category :Education
Updated :2013-02-21
Version :1.01
Size :6.27MB
Requirements :
Android 2.2 or higher
Credit : MMUG Store
သစ်ဆန်းခန့်

ညဘက်တွေ internet ဖွင့် ပီး ပြန်ပိတ်ဖို့မေ့ နေတဲ့ သူတွေအတွက် ......


  • 3G , WIFI anf Bluetooth တွေကို timing နဲ့ပေးပီး ဖွင့်မယ်ပိတ်မယ် တချို့တွေ၇ှီတက်ပါတယ် ညဘက်မှာ လိုင်းဖွင့်ပီး တော့ အိပ်ပျော်သွားတက်ကြတယ်လေ အခု အဲ့ သောကတွေကင်းဝေအောင် လို့ apk လေးတခုပေးမယ် 
'ဒီမှာယူပါ ခင်ဗျာ >>>    https://www.dropbox.com/s/8uxxo8gqbihecuj/3G%20wifi%20BT%20timing%20close.apk
  • လုပ်နည်းကတော့ add on period မှာnetwork နေ၇ာ၇ဲ့ 3Gနေ၇ာမှာ wifi ဖွင့်ချင်၇င် wifi ပေး bt ဆို beပေါ့  ဖွင့်ချင်တဲ့ အချိန်နဲ့ ပိတ်ချင်တဲ့ အချိန်ကိုေ၇ွးပေးပါ ဥပမာ 10:00 ကနေ 11;00 ထိဆို start time မှာ 10;00 ပေါ့ end time မှာ 11;00 ဆိုပီး၇ိုက်လိုက် ဒါဆို App enable မှာ အမှန်ကလေးခြစ်လိုက်၇င် ၇ပါပီ (တခုတော့ပြော၇မယ် 3G Wifi BT တို့ run နေတာတွေပိတ်သွား၇င် App enable မှာ အမှန်ခြစ်လေးဖျောက်လိုက်နော် တော်ကြာနောက်နေ့ တွေ အဲ့ချိန်မှာ ကိုယ်မသုံးပဲ ဖွင့်နေလိမ့် မယ်)
  • အားလုံးကိုကျေးဇူးတင်ပါတယ် ဗျာ .......Good Luck !

from သစ်ဆန်းခန့်
 

Advanced Mobile Care 2.0


အားလုံးသဘောကျတဲ့ အကောင်းဆုံးသော Advanced Mobile Care 2.0 ထွက်ရှိလို့လာပါပြီ။
Android Mobile တစ်ခုရဲ့ လျင်မြန်မှု လုံခြုံမှု စွမ်းအင်ချွေတာမှု တွေနဲ့ စိတ်ကျေနပ်မှု အပြည့်အ၀ ရရှိစေမယ့် Mobile Care ပါ။


INFORMATION
 
from သစ်ဆန်းခန့်

တာဝိုင်တိုင် ၇ှာကြမယ် မြေပုံလေးနဲ့ ....:P


Hello ! အခုတလော အလုပ်တွေများနေလို့ပေးချင်တာကြာပီ အခုမှပဲပေးဖြစ်တော့တယ်
ပုံမှာ မြင်၇တဲ့ အတိုင်း>> ph တလုံး၇ဲ့ signal strength က ဘယ်လောက်၇ှိတယ်
>> တာဝိုင်တိုင်က ဘယ်နားမျာ၇ှိလဲ ဘယ်တာဝိုင်တိုင်ကနေ ယူသုံးနေလဲ ..(မြေပုံနဲ့နော်)
>> data usage ဘယ်လောက်တောင်သုံးနေသလဲ
>> internet net speed ( ping , up , down speed ) တွေပြပါတယ်ဗျာ
>> မိမိ ဖုန်း၇ဲ့ တည်နေ၇ာ လဲပါတေး
>>map က့တော့ (satellite . map . radar )
>> ပီးတော့ ကျွန်တော်မသိတေးတဲ့ feature လေးပါတေးတယ် ခိခိ
်fake တွေမဟုတ်ဘူးနော် အဟဲ အောက်မှာ လင့် ၇ှိတယ် 
ပုံလေးတွေအ၇င်ပြမယ်နော် 



>>>> https://www.dropbox.com/s/ge0b5ssjphvosku/Open%20Signal%20Map%20%28yt%29.apk
thank for download me ! :)

from သစ်ဆန်းခန့်

Facebook user တွေအတွက် upload speed မြန်အောင် ...... ဒီမှာလာပီနော်



Facebook user တွေအတွက် photo , video အစ၇ှိတာတွေ upload တင်၇တာ နှေးနေလို့ စိတ်ညစ်နေသလား အဟဲ ဒါလေးကို သုံးနော် အမြန်နှုန်းနဲ့ ပုဂံလုံးစီး မယ် ခိခိ 




Good Luck !
from  သစ်ဆန်းခန့်

Friday, March 29, 2013

Android Phone များအတွက် လျှို့ဝှက် ကုဒ်များ



ကျွန်တော် Android Phone ကိုင်ဆောင်သူတွေအတွက် လျှို့ဝှက်ကုဒ်လေးတွေဖြစ်ပါတယ်။ အောက်မှာ စမ်းသပ်နိုင်ပါတယ်။
( မှတ်ချက် ။ ။ ANDROID PHONE တိုင်းတွင်ရသည်ဟူ၍မဟုတ်၊ တချို့ဖုန်းများ ကုဒ်နံပါတ်နှင့် အဆင်မပြေဖြစ်တတ်သည်။ )

1. Testလုပ်ရန် ကုဒ်များ

*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* (or) *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and BackLight test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#* - Bluetooth test

*#*#232337#*# - Bluetooth device address ကိုပြခြင်း

*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* - GPS test

*#*#1575#*#* - အခြား GPS test


2. Firmware အချက်အလက်ကြည့်ခြင်း

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate



3. Backup လုပ်ရန် ကုဒ်

*#*#273283*255*663282*#*#*


4. Service mode

*#*#197328640#*#*



5. End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*


6. Reset လုပ်ခြင်း

*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို
အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။


*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ပစ်ပါသည်။

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics
ကျွန်တော် သိသလောက်၊ တတ်သလောက်လေး ပြန် Share ပေးထားတာပါ။ အမှားပါရင်လည်းခွင့်လွှတ်ပါ။

Source : ANDROID PALACE

Wifi Zone မှ facebook Account များကို Android Phone နှင့်ဟက်နည်း



ကျွန်တော်အခုပြောမယ့်နည်းကပညာရရုံသက်သက်ပါ။စမ်းသပ်ရုံလောက်ဘဲလုပ်ပြီး
သူများတွေကိုဒုက္ခမပေးဖို့တောင်းဆိုချင်ပါတယ်။
လိုအပ်တဲ့ software ကို.....
ဒီမှာbox(or)mediafire
Software down ပြီးဖုန်းမှာ run ပြီး scan ဖတ်လိုက်ရင်ပုံထဲကအတိုငိးကိုယ်နဲ့ wifi network တစ်ခု ထဲမှာသုံးနေတဲ့ အကောင့်တွေပေါ်လာပါလိမ့်မယ်။ပုံထဲကစာအစိမ်းလေးတွေနဲ့ပေါ်နေတဲ့ facebook တွေဆိုဝင်လို့ရပါတယ်။
အစိမ်းရောင်နဲ့ပေါ်နေတဲ့အကောင့်တစ်ခုကိုနှိပ်ကြည့်လိုက်ရင်တော့အောက်ပါအတိုင်း menu ပေါ်လာပါလိမ့်မယ်။အဲဒီmenu ပေါ်လာရင်အောက်ဆုံးက open mobile site
ဆိုတာကိုနှိပ်လိုက်ရင်သူများအကောင့်ထဲကိုဝင်သွားပါပြီ။
အောက်ကပုံကတော့ကကျွန်တော် open mobile site ကိုနှိပ်လိုက်လို့သူများ အကောင့်ထဲရောက်သွားတဲ့ပုံပါ။သူများအကောင့်ထဲရောက်သွားပြီဆိုတော့
မှကိုယ်ကြိုက်သလိုထိန်းချုပ်လို့ရပြီပေါ့။
ဒီလိုလေးတွေ လုပ်တတ်ကျတယ်ဆိုတာ သိစေချင်လို့ မျှဝေပေးတာပါ
                                                                                                                 http://myanmarplay.com

Friday, March 22, 2013

Sony Xperia J ကို Root ပြုလုပ်ပုံ




ယနေ့မှာ လူကြိုက်များလာပြီး ဈေးနှုန်း ချိုသာသလို စွမ်းဆောင်ရည်လည်း မြင့်မားတဲ့ Sony Xperia J Handset ကို Root ပြုလုပ်ချင်သူတွေ အတွက် Root ပြုလုပ်နည်းကိုဖော်ပြပေးလိုက်
ပါတယ်။

လုပ်ဆောင်ရတာ ရိုးရှင်းပြီး လွယ်ကူတာကြောင့် အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ
 ဖြစ်ပါတယ်။
Sony Xperia J ကို Root ပြုလုပ်ဖို့အတွက် ပထမဆုံး သင့်ဖုန်းရဲ့ Build Number ကို အရင်ဆုံး စစ်ဆေးရပါမယ်။
သင် Root ပြုလုပ်မယ့် Handset ရဲ့ Build Number ဟာ 11.0.A.3.28 နဲ့ 11.0.A.3.18
ဖြစ်မဖြစ် အရင်ဆုံး ကြည့်ရပါမယ်။

အထက်ဖော်ပြပါ Build Number ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ Tool နဲ့ Xperia J ကို အလွယ်တကူ Root လုပ်နိုင်မှာ ဖြစ်ပါတယ်။
အထက်ပါ Build Number မဟုတ်ဘဲ 11.0.A.7.5 ဆိုရင်တော့ ဒီ Tool နဲ့အဆင်ပြေမှာ မဟုတ်ပါဘူး။

သင့် Handset ရဲ့ Build Number ကို သိချင်တယ် ဆိုရင်တော့ Systems အောက်က About အောက်မှာ Build Number ဆိုတာ ရှိပါတယ်။

အဲဒီမှာ သွားရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Build Number ဟာ Root ပြုလုပ်မယ့် Tool နဲ့ ကိုက်ညီတယ် ဆိုရင်တော့ သင့်ရဲ့ Handset ဟာ ကွန်ပျူတာနဲ့ ချိတ်ဆက်တဲ့အခါ သိဖို့အတွက် USB Debugging ကို Check လုပ်ထားပေးရပါမယ်။
USB Debugging ကို ဖွင့်ဖို့အတွက်ကတော့ Setting အောက်က Developer Options အောက်မှာ USB Debugging ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီမှာ အမှန်ခြစ်လေး ထည့်ပေးရမှာ ဖြစ်ပါတယ်။

Root လုပ်ဖို့အတွက်ကတော့ http://forum.xda-developers.com/attachm ent.php?attachmentid=1541927&d= 1354812913 ဆိုတဲ့ Link ကိုသွားပြီး Root_J.zip ဆိုတဲ့ ဖိုင်ကို အရင်ဆုံး Download ပြုလုပ်ရမှာ ဖြစ်ပါ
တယ်။
Download ပြုလုပ်ပြီးပြီဆိုရင်တော့ ရရှိလာတဲ့ zip ဖိုင်ကို Extract ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Extract ပြုလုပ်ပြီး ထွက်လာတဲ့ Folder ထဲကို ဝင်ရပါမယ်။ ပြီးရင် သင့်ရဲ့ Handset ကို ကွန်ပျူတာနဲ့ ချိတ်ဆက် ပေးရပါမယ်။

ပြီးရင်တော့ ခုနက Extract ပြုလုပ်ထားတဲ့ Folder အထဲက Runme.bat ဆိုတဲ့ ဖိုင်လေးကို Double Click  နှိပ်
လိုက်ပါ။ Root ပြုလုပ်ဖို့အတွက် အထဲမှာပါတဲ့ ညွှန်ကြားချက်တွေကို ဖတ်ကြည့်ပြီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Linux အသုံးပြုသူတွေအတွက်ကတော့ Runme.sh ဆိုတဲ့ ဖိုင်ကို Run ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Terminal မှာ ပြထားတဲ့ Process ကို ခဏ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဖိုင်တွေကို Backup ပြုလုပ်မှာလား မေးလာရင်တော့ သင့် Handset မှာ ဖိုင်တွေကို Backup ပြုလုပ်ဖို့အတွက်
ရွေးချယ်ပေးလိုက်ပါ။
ခဏကြာရင်တော့ သင့်ရဲ့ Xperia J Handset လေးဟာ Reboot ကျသွားမှာဖြစ်ပြီး၊ ပြန်တက်လာတယ် ဆိုရင်တော့ သင့် Handset ရဲ့ App location List ထဲမှာ Super SU ဆိုတဲ့ Super Man ပုံ Logo လေးနဲ့ Root ဖိုင်ကို တွေ့မြင်ရ မှာ ဖြစ်ပါတယ်။
Super SU ဖိုင်လေးကို တွေ့ရပြီ ဆိုရင်တော့ သင့်ရဲ့ Xperia J Handset လေးဟာ Root လုပ်ပြီးသွားပြီ ဖြစ်
ပါတယ်။ Root ပြုလုပ်ပြီးတဲ့ Handset လေးအတွင်းကိုတော့ မြန်မာစာဖောင့်ထည့်သွင်းလို့ ရပြီဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော Root Access ရှိမှ ထည့်သွင်းလို့ရတဲ့ Application တွေကိုလည်း ထည့်သွင်းနိုင်ပြီ
ဖြစ်ပါတယ်။

ကိုးကား – အင်တာနက်ဂျာနယ်

Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ကူဆုံး Root လုပ်နည်းနှင့် မြန်မာစာထည့်သွင်းနည်း





ကျွန်တော့်ဆိုဒ်မှာ Sony Xperia ဖုန်းအတွက် Root လုပ်နည်းမတင်ဖူးသေးလို့ တင်ပေးလိုက်
ပါတယ်ဗျာ။

ကိုအောင်လေးဆိုဒ်မှာတွေ့လို့ မူရင်းအတိုင်းဘဲ တင်ပေးလိုက်တာပါ။

အောက်မှာတော့အသေးစိတ်ကိုပုံနဲ့တကွရှင်းပြပေးထားပါတယ်ဗျာ။

မူရင်းရေးသားသူကတော့နတ်သားလေးလို့ဆိုထားပါတယ်။

ဒီနည်းလမ်းက Android version 2.3 နှင့်အထက်ရှိတဲ့ Sony Xperia ဖုန်းတွေကို အလွယ်ဆုံး
root လုပ်ပေးနိုင်ပါတယ်။

ပထမဆုံး လိုအပ်တဲ့ software အနေနဲ့ အောက်မှာပေးထားတဲ့ root tools ကိုအရင် download လုပ်လိုက်ပါ။

Sony Xperia root tools အားရယူရန်

Sony Xperia Driver အားရယူရန်

အပေါ်မှာပေးထားတဲ့ Sony Xperia ဖိုင်ကို download ရယူပြီးပြီဆိုရင် အဲဒီ rar ဖိုင်လေးကို ကွန်ပျူတာထဲမှာဖြည်လိုက်ပါ။

ဖိုင်ကိုဖြည်လိုက်ရင် Sony Xperia root ဆိုတဲ့ folder လေးတစ်ခုပါပါတယ်။

ပြီးရင် အပေါ်က download လုပ်ထားတဲ့ Sony Xperia Driver ကိုကွန်ပျူတာထဲမှာ install
လုပ်ထားပါ။

ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ဖုန်းကို Root လုပ်ရုံပဲလုပ်မယ်ဆိုရင်တော့
ခုနက sony xepria root ဖိုင်ထဲက Cliick_n_Root_Only.bat ကို နှိပ်ပါ ။ ဒါမှမဟုတ် Root ရော မြန်မာဖောင့်နဲ့ကီးဘုတ်ရော သွင်းမယ်ဆိုရင် Cliick_n_Root_Fonts.bat ကို
နှိပ်ပါ။

ကျန်တဲ့ step တွေကတော့ အဲဒီဖိုင်လေးတွေထဲမှာ instruction တွေပါဝင်ပါတယ်။

အဲဒီအတိုင်းဆက်လုပ်သွားရုံပါပဲ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Android ဖုန်းနဲ့Tablet တွေအတွက် မြန်မာစာရိုက်ဖို့ “မြန်မာကီးဘုတ်” လေးပါ။

ဒီကီးဘုတ်လေးက ဇော်ဂျီဖောင့်အသုံးပြုထားတဲ့ကီးဘုတ်လေးတစ်ခုပါ။

အသုံးပြုပုံပြုနည်း နဲ့ ထူးခြားချက်များကိုအောက်မှာဆက်လက်ရှင်းပြသွားပါမယ်။

အရင်ဆုံး “မြန်မာကီးဘုတ်” ကိုအရင် download ရယူလိုက်ပါ။

မြန်မာကီးဘုတ်အားရယူရန်

ပြီးရင် ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Application တွေထဲက မြန်မာအလံ icon လေးနဲ့
မြန်မာကီးဘုတ်ထဲကို ၀င်လိုက်ပါ။

အဲဒီမှာ မြန်မာကီးဘုတ်ကို Setting မှာ enabled လုပ်ဖို့အတွက် Screen တစ်ခုပေါ်လာပါ
လိမ့်မယ်။

“1.Go To Settings” ကိုနှိပ်ပြီး Keyboard Setting ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။


Keyboard setting ထဲကိုရောက်သွားပြီဆိုရင် “မြန်မာကီးဘုတ်” ကို အမှန်ခြစ်(Enabled)ပေး
လိုက်ပါ။

 အောက်ပါပုံအတိုင်းပါ။


ပြီးရင် ခုနက မြန်မာကီးဘုတ်ကို ပြန်သွားပါ။ “2.Input Method” ကိုနှိပ်ပါ။ အောက်ပါအတိုင်းပါ။



“မြန်မာကီးဘုတ်” ကိုရွေးပေးလိုက်ပါ။ အောက်ပုံအတိုင်းပါ။



မြန်မာကီးဘုတ်ကိုရွေးလိုက်တာနဲ့ ကီးဘုတ်ကို စမ်းသပ်ရိုက်ကြည့်ဖို့ Testing ကဏ္ဍထဲကို ၀င်သွားပါလိမ့်မယ်။အောက်ပုံအတိုင်းပါ။


ကဲ..ဒါဆိုရင် ကျွန်တော်တို့ မြန်မာကီးဘုတ်ကိုစတင်သုံးစွဲကြည့်ရအောင် ။ စာရိုက်ဖို့အတွက်
Text Box ကိုနှိပ်လိုက်တာနဲ့ မြန်မာကီးဘုတ်လေးပေါ်လာပါမယ်။

အောက်ပါပုံအတိုင်းပါ။


အရင်ကထွက်ခဲ့တဲ့ MydroidSoft Myanmar keyboard တုန်းက အင်္ဂလိပ်လိုရိုက်ချင်ရင် Text
Box ကို သုံးစက္ကန့်လောက်ပြန်ဖိ input method ထဲကနေ အင်္ဂလိပ် keyboard ကို  ပြန်ခေါ်
ရပါတယ်။

အခု မြန်မာကီးဘုတ်လေးမှာ အဲဒီဒုက္ခတွေကင်းသွားပါတယ်။ ကီးဘုတ်အောက်နားလေးက
ဗြိတိန်အလံပုံ ခလုတ်လေးကို နှိပ်လိုက်ရင် English Keyboard အဖြစ်ပြောင်းသွားပါမယ်။

 အောက်ပုံအတိုင်းပါ။


ဒါဆိုရင် မြန်မာကီးဘုတ်ရဲ့ မြန်မာစာလုံးနေရာချထားပုံနဲ့ ရိုက်ပုံရိုက်နည်းကို ဆက်လက်ရှင်း
လင်းပါမယ်။

“မြန်မာကီးဘုတ်” ရဲ့ မြန်မာစာလုံးနေရာချထားပုံဟာကွန်ပျူတာမှာ ရိုက်တဲ့ မြန်မာစာလက်ကွက်
နဲ့အတူတူပါပဲ။

ဥပမာအနေနဲ့ ကျွန်တော်တို့ ကွန်ပျူတာပေါ်မှာ “ဖ” ဆိုတဲ့အက္ခရာကိုလိုချင်တယ်ဆိုရင် z ကို ရိုက်ရပါတယ်။

တကယ်လို့ “ဇ” အက္ခရာကိုလိုချင်တယ်ဆိုရင်တော့ Shift key နဲ့z (တစ်နည်းအားဖြင့် shift + ဖ) ကိုနှိပ်ရပါတယ်။

အခု Android “မြန်မာကီးဘုတ်” မှာလည်း ဒီအတိုင်းပါပဲ။

ကွန်ပျူတာမြန်မာလက်ကွက်ပုံစံအတိုင်းဖြစ်တဲ့အတွက်ကြောင့် “ဇ” ဆိုတဲ့ အက္ခရာကိုလိုချင်
တယ်ဆိုရင် မြန်မာကီးဘုတ်ပေါ်က “ဖ” အက္ခရာလေးပေါ်မှာ သုံးစက္ကန့်လောက်ဖိထားလိုက်ရင် Popup လေးတစ်ခုနဲ့ “ဇ” အက္ခရာလေးပေါ်လာပါလိမ့်မယ်။

 အောက်ပါပုံအတိုင်းပါ။


အောက်ဆင့်စာလုံးတွေဖြစ်တဲ့ -္ဇ တို့ -္ဖ တို့လိုချင်ရင်လည်း ခုနကလိုပဲနှိပ်ရမှာပါ။

ပြောရမယ်ဆိုရင်တော့ ကွန်ပျူတာပေါ်က မြန်မာလက်ကွက်နဲ့အတူတူပါပဲ။

ဒီ မြန်မာကီးဘုတ်ကို ကျွန်တော်ကြိုက်ရတဲ့အဓိကအချက်က စာရိုက်ရာမှာ အရင်ထွက်ရှိပြီးသား Android မြန်မာကီးဘုတ်တွေထက် သိသိသာသာကို မြန်မြန်ဆန်ဆန်ရိုက်နိုင်တဲ့အချက်ပါပဲ။

ပြီးတော့ Application file size ကလည်း သေးငယ်ပါတယ်။ စာရိုက်ဖို့ Testing Panel လည်း
တစ်ပါတည်းထည့်သွင်းပေးထားတဲ့ အချက်ကလည်း တော်တော်အဆင်ပြေစေပါတယ်။


ဝဏ္ဏသံမှန်းအသုံးအနှုန်းကိုခန့်မှန်းပေးတဲ့စနစ်အနေနဲ့ကတော့ iTextMM Keyboard ရဲ့ စကား
စုတွေကိုထည့်ပေးထားတာဖြစ်တဲ့အတွက် ၀ဏ္ဏသံမှန်းစနစ်မှာတော့ iTextMM နဲ့အတူတူပဲဖြစ်
ပါတယ်။

နောက်ထပ်ကောင်းမွန်တဲ့အချက်ကတော့ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ၊ BF,GF တွေဆီ message
ပို့ရာမှာ Smile သင်္ကေတလေးတွေထည့်ဖို့လို့ရဖို့အတွက် လည်းထည့်သွင်းပေးထားပါသေးတယ်။

Smile သင်္ကေတတွေကိုလိုချင်တယ်ဆိုရင်တော့ ကီးဘုတ်အောက်ခြေက “:-)” သင်္ကေတလေးကို သုံးစက္ကန့်ခန့်ဖိထားလိုက်ရင် သင်္ကေတအစုံပေါ်လာမှာပါ။

 အောက်ပါပုံအတိုင်းပါ။


Beta version ဖြစ်တဲ့အတွက် လိုအပ်တာလေးအနည်းငယ်တော့ရှိဦးမှာပါ။

နတ်သားလေးဆိုဒ်ကပြန်ရှဲပေးလိုက်တာပါ

ဓာတ်ပုံတွေကို Movie အသွင်ဖန်တီးပေးမယ့် photo movie creator v1.4.07.06250 APK



mmug

wrmmt mmugmmt

Android phone ကိုင်ဆောင်သူတွေအနေနဲ့ မိမိဖုန်းထဲကနေ ဓာတ်ပုံတွေကို movie အသွင်း ဖန်တီးပြီး ပြုလုပ်နိုင်မယ့် ဆော့ဝဲလ်ကောင်းလေးဖြစ်ပါတယ် ..

အချိန်တိုတိုနဲ့လွယ်လွယ်ကူကူ ဖန်တီးတည်းဖြတ်ပြီး Movie အသွင်ဖန်တီးနိုင်မှာဖြစ်ပါတယ် …..

ဒါအပြင်မိမိ ဖန်တီးပြုလုပ်မယ့် ဓာတ်ပုံကို အလင်းအမှောင် ချိန်ညှိပေးနိုင်ပြီး ၊လှပတဲ့ frame effect လေးတွေဖြည့်စွက် ပြုလုပ်နိုင်မှာဖြစ်ပါတယ် ….

ဒါအပြင် ကိုယ်ထည့်သွင်းမယ့် ဓာတ်ပုံတွေပေါ်မှာလည်း မိမိကြိုက်နှစ်သက်ရာ စကားလုံးလေးတွေနဲ့
Title ရေးသားပြုလုပ်နိုင်မှာဖြစ်ပြီး ဖန်းတီးတည်းဖြတ်ထားတဲ့ movie ကိုလည်း မိမိမိတ်ဆွေ သူငယ် ချင်းတွေဆီ Share လုပ်ပြီး ကြွားလုံးထုတ်နိုင်မှာပါ ..

ဒီဆော့ဝဲလ်လေးကို google play မှာ ¥230 Buy နဲ့ ဈေးကြီးပေး ၀ယ်ယူသုံးစွဲရမှာဖြစ်ပါတယ် ..


ဒီဆိုဒ်လေးမှာတော့ freedownload ရယူသုံးစွဲနိုင်မှာဖြစ်ပါတယ် ခင်ဗျာ…။

limelinx
Mediafire
zippyshare

from မြန်မာ Mobile Application စတိုး by Myo Minn Thant

Next Launcher 3D v1.23 Apk (4Mb)



Next Launcher 3D အသုံးပြုတဲ့သူငယ်ချင်းတွေအတွက် Update တင်ပေးလိုက်ပါတယ်

ပုံစံကတော့ အရမ်းလန်းတယ်

play.google မှာလေ့လာပြီးကြိုက်ရင် အောက်ကလိပ်စာမှာ ရယူနိုင်ပါတယ်။



zippyshare
sharebeast
myway

from မြန်မာ Mobile Application စတိုး by အမျိုးကောင်းသား

Huawei U8850 ကို root လုပ်နည်း





Huawei U8850 Android 2.3.7 ကိုအောင်မြင်စွာ Root လုပ်နိုင်ပါပီ…….

သိပီးသားလူတွေရှိရင်လည်း ထားလိုက်ပါတော့….မသိရသေးတဲ့သူများအတွက်ပါ

2.3.5 ကိုပြန်ဆင်းပီး root စရာမလိုတော့ပါဘူး…………

2.3.7 ဆလိုဗေးနီးယား firmware ကိုအခြေခံပီး root ဖောက်ထား တာပါ……

(ကျွန်တော်ကိုယ်တိုင်ဖောက်ထားတာတော့မဟုတ်ဘူးနော်) ကိုယ်တိုင်တော့ စမ်းသပ်ထား ပြီးသားဖြစ်
ပါတယ် …..အောင်မြင်ပါတယ်…….

ကဲစပါပီ အရင်ဆုံး firmware ဖိုင်ကိုဆွဲရပါမယ် … လင့် ၂လင့်လုံး ဒေါင်းရပါမယ်

(part 1) 112 MB
(part 2) 111 MB

ဒီလင့် ၂ လင့်ဒေါင်းပီးသွားပီဆိုရင်တော့ firmware ကို update လုပ်ဖို့အတွက် Huawei firmware update tool ကို အောက်ကလင့်ကနေဒေါင်းလိုက်ပါ။


Download Huawei firmware update tool 90.50MB

ဒါတွေအားလုံးဒေါင်းပီးသွားရင်တော့ ပထမဦးဆုံး ဆွဲထားတဲ့ firmware file ကိုဇစ်ဖြည်လိုက်ပါ…

ဖိုဒါလေးနဲ့ဘဲထားလိုက်ပါ…… နောက်ဆုံးဆွဲထားတဲ့ huawei firmware update tool ကိုဇစ်ဖြည် ပီးတော့ Computer မှာ install လုပ်လိုက်ပါ ……

၁၀မိနစ်လောက်တော့ ကြာမယ်ထင် တယ်ဗျ…….အားလုံး အင်စတောလုပ်ပီးသွားရင်တော့ ……. ဖုန်းကို ထုံးစံအတိုင်း USB Debugging On ပေါ့ဗျာ…..

Unknown Source ပါအမှန်ခြစ်ပေးထားလိုက်……..usb ပေါက်ထိုးပီးတော့ ဖုန်းနဲ့ ကွန်ပြူတာကို ဆက်သွယ်
ထားလိုက်ပါ……

ဖုန်းကို ကွန်ပြူတာက သိပီဆိုရင် လုပ်ငန်းစလို့ရပါပီ…..

Huawei firmware update tools ထဲက ဘောက်စ်လေးထဲမှာ အစောက ဇစ်ဖြည်ထားတဲ့ firmware ဖိုဒါထဲက Huawei.Vision.U8850.Rooted.nb0 ဖိုင်လေးကိုရွေးပေးပီးတော့ next နဲ့သာဆက်သွားလိုက်ပါတော့

သူ့ဟာသူ firmware အင်စတောလုပ်ပီး ဖုန်းကို reboot ချသွား ပါလိမ့်မယ်…….

ဖုန်းပြန်တက်လာရင်တော့ super user access ရတဲ့ ဖုန်းလေး ပိုင်ဆိုင် သွားပါပြီ…….

အဲ firmware အသစ် ပြန်တက်လာပီးရင်တော့ ဖုန်းကို factory data reset ချဖို့တော့ လိုပါတယ်နော်……..

Setting ထဲက Privicy ထဲကနေပီးတော့ reset ၀င်ချလိုက်ပါ

(firmware) တခုလုံးကို ပြန်ပီးတင်တဲ့အတွက် မိမိရဲ့ဖုန်းကို firmware အသစ်မတင်မီမှာ ဖုန်းနံပါတ် တင်ထား
တဲ့ application တွေကိုတော့ ကြိုတင် Backup ယူထားဖို့ မမေ့ကြပါနဲ့နော် ….. ကဲ U8850 ကိုင်တဲ့ သူငယ်ချင်း
တွေ အားလုံး အဆင်ပြေနိုင်ကြပါစေဗျာ……..

မိမိကိုယ်တိုင်လုပ်ဆောင်ပီးတော့ ပျက်စီးမှုတစုံတရာဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်နဲ့သက်ဆိုင်မှု
မရှိကြောင်းပါ……

ကျွန်တော်ကတော့ အခုဗားရှင်းကို အောင်မြင်အောင် ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ထားပီးကြောင်း
ထပ်မံပြီးတော့ အာမခံပါတယ်…….

ပို့စ်ရေးသားသူ – Galay Gachay (MMUG)

from မြန်မာ Mobile Application စတိုး by သက်နိုင်စိုး

Android ဖုန်းမှ မေ့နေတဲ့ Pattern လော့ခ်ဖြုတ်နည်း





Android ဖုန်းတွေအသုံးပြုရင်း Pattern lock ချပြီးမေ့တတ်ကြပါတယ်..ကိုယ်ဟာကိုယ် pattern ပေးပြီးကိုယ့်
ဟာကိုယ်မေ့ပါတယ်….ကျွန်တော်လဲပါပါတယ်……
အခုအဲ့ကိစ္စလေးအဆင်ပြေအောင်လုပ်တဲ့နည်းလေးတွေပြပေးပါမယ်……

အခုနှစ်နည်းသုံးနည်းလောက်ပြောပြပေးပါမယ်။တခုရှိတာကအဲလို့ Pattern lock မေ့သွားပြီဆိုရင် တခါနှစ်ခါလောက်ကြိုးစားကြည့်ပါမရရင်ထပ်မဆွဲပါနဲ့တော့အခြေအနေပိုဆိုးပြီး FactoryResetပါချရတတ်ပါတယ်…..

အရင်ဆုံးဘယ်နည်းနဲ့လုပ်ရင်ကောင်းမလဲလေ့လာကြည့်ပါ….

နည်းလမ်းများ….
  • ၁…ကွန်ပြူတာတော့လိုပါမယ်….application လေးတခုကိုကွန်ပြူတာကနေ PC suite(eg.moborobo) တခုခုသုံးပြီးသွင်းရမှာပါ….
  • ၂…ဖုန်းကို Factory reset ချတဲ့နည်းပါအဲတာကတော့ဖုန်းမှရှိသမျှဒေတာတွေကုန်ပါမယ်…
  • ၃…နောက်တနည်းကတော့ဘာမှမကုန်ပါဘူး root access လိုပါတယ်…..

  • နည်းလမ်း ၁
ကဲစမယ်နော်ပထမနည်းလေး…..ဒါလေးကတော့ဖုန်းမှာရှိတဲ့ဒေတာတွေမပျက်ပါဘူးးးး..

  • လိုတာလေးတွေ
moborobo software ယူရန်…

Screen lock by pass app ယူရန်…

လိုတာဒေါင်းပြီးသွားရင် စမယ်နော်အရင်ဆုံး moborobo လေးကိုမိမိ ကွန်ပြူတာမှာသွင်းလိုက်ပါ…..

ကဲပြီးပြီလားးးးးပြီးရင် Screen lock by pass ဆိုတာလေးကို my documents>>moborobo>>
downloadcenter>>software>>ANDROID ဖိုင်ထဲသွားထည့်လိုက်ပါ…

ဖုန်းကိုကွန်ပြူတာနဲ့ချိတ်လိုက်ပါ…moborobo ကိုဖွင့်လိုက်ပါ…

ဒီနေရာမှာUSB Debug ON ခဲ့မိဖို့လိုပါတယ်….မ ON ထားခဲ့ရင်ကွန်က ဖုန်းကိုမသိနိုင်ပါဘူး…

ဖုန်းကိုလည်းကွန်ကသိနေပီဆိုရင်တော့ဆက်ပါမယ်…..ဖုန်းကိုသိနေရင်အောက်ကအတိုင်းပေါ်ပါမယ်….


ကဲ apps ဆိုတဲ့ tab လေးကိုသွား Screen lock by pass application လေးကိုကလစ်ပြီး သွင်းပေးလိုက်ပါ….

ဖုန်းကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါ…..ပြန်တက်လာရင် pattern ကိုဆွဲချင်တာဆွဲပွင့်သွားတာတွေ့ရမယ်နော်…..

  • နည်းလမ်း ၂
One Cli Rec ဒေါင်းရန်

နောက်တနည်းအဲဒါကတော့ Factory reset ချတဲ့နည်းပါ ရှိသမျှဒေတာအကုန်ပြောင်ပီးဖုန်းကိုဝယ်ခါစအသစ်အတိုင်းဖြစ်အောင်လုပ်ပေးမှာပါ။

သူကဘယ်လိုလဲဆိုတော့ ဖုန်းရဲ့ recovery mode ကနေ၀င်ရောက်ပြီးပြုလုပ်ရမှာပါ။

ဖုန်းတလုံးနဲ့တလုံး recovery mode ၀င်ပုံဝင်နည်းမတူတာကြောင့် One Cli Recovery လေးပေးထားပါတယ်

ဖုန်းကိုကွန်ပြူတာနဲ့ချိတ် ပထမနည်းမှာ ဒေါင်းထားတဲ့ထဲ က One Cli Rec လေးကို run ပြီးrecovery ၀င်ပါ.recovery mode ထဲရောက်ပီအဲမှာ wipe data/factory reset ရွေးပေးလိုက် ပြီးသွားရင် reboot system now လေးရွေးပေးဒါဆိုပြီပါပြီ။

recovey mode ထဲတွင် vol ခလုတ်ဖြင့် အပေါ်အောက်ရွေ့ပြီး power သို့ home ခလုတ် ကို enter အဖြစ်သုံးပါသည်။။။။…..

One Cli ဖြင့် Recovery ၀င်မရပါက ဖုန်းအမျိုးအစားအလိုက် Recovery ၀င်နည်းကို ဒီမှာ ကြည့်ပါ….

  • နည်းလမ်း ၃
လိုတာလေးဒေါင်းလိုက်ပါ…
Remove Pattern zip ဒေါင်းရန်

ဒီနည်းကတော့ ဘာဒေတာမှ မပျက်ပါဘူး….

Root access ရှိဖို့နဲ့ Usb Debug ON ခဲ့မိဖို့ပဲလိုပါတယ်……..
အဓိက အရေးကြီးတာ ကဖုန်းမှာ USB DEBUGGING ON ထားမိဖို့ပဲ။

ကိုယ့် pattern lock ကိုမမေ့ခင်အချိန်တုန်းက usb debugging ON ထားခဲ့မိရင် ရပြီ။ဖုန်းကိုကွန်ပြူတာနဲ့
ချိတ်ပါ။

ဖြည်ထားတဲ့ဖိုင်ဆီကိုသွားပါ။remove pattern ဆိုတာလေး run လိုက်ပါ။

press any key to continue လို့ပေါ်လာရင် enter ခေါက်ပေးလိုက်ပါ။

ကဲ pattern ကိုဆွဲချင်သလိုဆွဲပေတော့…..^_^

mmsharingblogger@gmail.com

from မြန်မာ Mobile Application စတိုး by JojOe (KOThu)

Wednesday, March 20, 2013

ဖုန်းဆော့ဝဲလေးများ

Android ဖုန်းတွေအတွက် Quick Cleaner ဆော့ဝဲ


Android ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် .. Quick Cleaner (apk) ဆော့ဝဲလေးပါ .. ဖုန်းထဲမှာ install လုပ်ပြီး သူ့ကို run ပေးလိုက်ရုံနဲ့ ဖုန်းထဲမှာ ရှိနေတဲ့ Cache တွေ error တွေ Call Log တွေ Message တွေစတဲ့ ဖုန်းစနစ်ကိုလေးလံစေမယ့် အရာတွေအားလုံးကို ရှင်းလင်းပေးမယ့်  အသုံးဝင်တဲ့ဆော့ဝဲလေးတစ်ခုဖြစ်ပါတယ် ..
လိုချင်တဲ့သူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်ဗျာ ...

Download >>> ဒီမှာနှိပ်ပါ <<<


လူကြိုက်များတဲ့ Android ဂိမ်းလေးတစ်ခုပါ


Android ဖုန်းသုံးတဲ့ သူငယ်ချင်းတွေအတွက် လူကြိုက်များတဲ့ ဂိမ်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ် ..
ဖုန်းဆိုင်တွေမှာလည်း တော်တော်ရောင်းကောင်းတဲ့ ဂိမ်းလေးတစ်ခုပါ ..
Happy World တို့လို Play Center ကြီးတွေမှာ Coin တွေဝယ်ပြီး ကစားရတဲ့ ဂိမ်းပါ ..
အခုတော့ အဲဒီဂိမ်းကို သူငယ်ချင်းတို့ရဲ့ ဖုန်းပေါ်မှာပဲ တ၀ ကြီး ကစားလို့ရပါပြီ ..

Fishing Diary ဆိုတဲ့ ငါးမျှားတဲ့ ဂိမ်းလေးပါ .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူသွားပါဗျာ

Download >>> ဒီမှာဒေါင်းပါ <<<

ဖုန်းနဲ့သုံးလို့ရတဲ့ MediaFire Box apk ဖိုင်လေးပါ

ဒီဆော့ဝဲလ်လေးက ကျွန်တော်တို့သိမ်းထားချင်တဲ့ ဆော့ဝဲလ်လေးတွေကို MediaFire Box Free 5Gb သိမ်းထားလို့ရပါတယ် ကိုလိုချင်ရင်လဲ mediafire မှာ ဒေါင်းလုပ်ပြန်ယူလို့ရတဲ့ ဆော့ဝဲလ်လေးပါ သူငယ်ချင်းတို့ ကြိုက်ရင် ဒီမှာဒေါင်းယူသွားနိုင်ပါတယ်.......


>>>Download<<<
 

Android Phone တွေကိုမြန်စေသော Apk ဆော့ဝဲလ်


Android Phone တွေကိုမြန်စေသော Super Booster Apk Softwares
>>>Download<<<
 

Android Phone တွေကိုမြန်စေသော Apk Softwares

Android Phone တွေကိုမြန်စေသော Apk Softwares ဒီဆော့ဝဲလ် ကိုသူငယ်ချင်း
တို့နှစ်သက်မှာပါ.........



>>>Download<<<
 

HUAWEI ROOT လုပ်နည်း ဆော့ဝဲလ် ကိုယ်တိုင်လုပ်ချင်သူများအတွက်.....

HUAWEI ROOT U8825D/C8825D/T8950/U8860/U9200/C8650
>>>Download<<<
 

Android Apk ဖုန်းဆော့ဖ်ဝဲများကို Windows အပေါ်မှာ icon များကိုကြည့်တဲ့ဆော့ဖ်ဝဲလေးပါ........






>>>Download<<<
 

Android QIP Speed Test Apk ဖုန်းဆော့ဖ်ဝဲဟာ အင်တာနက် ကော်နက်ရှင်ကြည့်တဲ့ဆော့ဖ်ဝဲလေးပါ........

>>>Download<<<
 

ဒီ Software လေးရှိရင် ဖုန်းဆိုင်ကိုသွားစရာမလိုတော့ဘူး

ဒီဆော့ဝဲလေးက Android ဖုန်းမှန်သမျှကို
ကွန်ပြူတာနဲ့ ချိတ်ဆက်အသုံးပြုတဲ့နေရာမှာ
တော်တော်ထိရောက်လွယ်ကူတဲ့ ဆော့ဝဲလေးပါ

တခြားဆော့ဝဲတော်တော်များများက ဖုန်းရဲ့
Version ကိုလိုက်ပြီး အဆင်မပြေတာမျိုးတွေရှိတတ်သလို
Windows 8 မှာ အဆင်မပြေတာမျိုးတွေလည်း ရှိပါတယ်
ဒါပေမယ့် ဒီဆော့ဝဲလေးကတော့ Android ဖုန်းအားလုံးနီးပါးနဲ့ အဆင်ပြေတဲ့အပြင် Wndows Xp / 7 / 8 သုံးလို့ရတဲ့ ဆော့ဝဲလေးပဲဖြစ်ပါတယ်
နောက်ဆုံးထွက်လေး update ရလို့တင်ပေးလိုက်တာပါ


Android သမားတိုင်းအသုံးပြုသင့်တဲ့ Software လေးပါ
Computer နဲ့ချိတ်ပြီး game/Application/Mp3/mp4/
wallpaper တွေပဲသွင်းသွင်းအသုံးဝင်တဲ့ Software လေးပါ.........


ဒီဆော့ဝဲလေးကို ကွန်ပြူတာထဲမှာ Install လုပ်ပြီးပြီဆိုတာနဲ့
သူငယ်ချင်းတို့မှာရှိနေတဲ့ Android Application တွေကို
ဆိုင်မှာသွားပြီး Install လုပ်ခိုင်းစရာမလိုတော့ပဲ ကိုယ့်ကွန်ပြူတာကနေပဲ
ကိုယ့်စိတ်ကြိုက် Install လုပ်လိုက်ရုံပါပဲ ..
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ

>>>Download<<<
 

Android & China Phone Pattern Lock & PIN Lock ဖြုတ်နည်း....

အခုနောက်ပိုင်း android phone  တွေမှာ Patten lock ကျတာလို့ PIN lock ကျတာလို့ အဖြစ်များလာကြပါတယ်….

အဲဒီလို ဖြစ်သွားရင် လူတိုင်းက ကိုယ့်ဖုန်းကို factory rest ချတတ် ကြပါတယ်..အဲဒီလို ချလိုက်ရင် အထဲက data တွေ

အကုန်ပျောက်တတ်ပါတယ်…ကျွန်တော် တစ်ချက်ချင်း ရှင်းပြပေးပါမယ်…..အဲဒီလို ဖြစ်လာရင် ကျွန်တော် တင်ပေးတာ

လေးနဲ့ လုပ်လိုက်ပါ အဆင်ပြေပါတယ်….အခုကျွန်တော် ပြောပြမှာကတော့ lock,PIN ဖြည့်တဲ့ နည်း (၂)နည်းပါ……..

ပထမနည်းကို….သိဖို့ အတွက် ဒါလေးတွေလိုပါတယ်…ကိုယ်ဖုန်းဟာ CWM Recovery လေးသွင်းထားဖို့ လိုပါတယ်..

Recovery ဖော်လို့ရရင် အဆင်ပြေပါတယ်………………………………………………………………………………….

>>>Download<<<

ဒေါင်းလို့ ရလာတဲ့ zip ဖိုင်ကို format ရိုက်ထားတဲ့ sd card ထဲ ထည့်ပါ
    ပြီးရင် ဖုန်းကို restart ချပါ..ဒါမှမဟုတ် ပါဝါပိတ်ပါ .(zip ဖိုင် ထည့်ထားတဲ့ sd card ကို ဖုန်းထဲ့ကို ထည့်ပါ)
    ..ဓတ်ခဲဖြုတ် ပြီးရင်ပြန်တက်
    recovery ခေါ် ပြီးရင် Install from sd card >>Choose zip from sd card>>delete pattern lock
    ကိုရွေးပြီးတော့ install လုပ်လိုက်ပါ…..ပြီးရင်ဖုန်းထဲမှာ patten ဆိုရင် ကိုယ်ကြိုက်တာ ဆွဲလိုက်ပါ………..
    pin lock ဆိုရင် တော့ ကိုယ့်ကြိုက်တာ ရိုက်လိုက်ပါ ပွင့်သွားပါပြီ…………

နောက်တစ်နည်းကတော့ လူတိုင်း သိပြီးသား ဖြစ်ပါလိမ့်မယ်………သူ့နာမည်ကတော့ SHUAME

>>>Download<<<


  ဒီနည်းကို လုပ်ဖို့ ဒါလေးတွေကို လိုပါတယ် USB သိရန် လိုပါသည် ဖုန်းနဲ့ PC သိရင် အဆင်ပြေပါပြီ

             ပုံတော့ မတင်ပေးတော့ဘူးနော်………အဲဒီထဲမှာ Z ပုံစံလေး ရှာပြီး Lock ဖြည့်လိုက်ယုံပါဘဲ

    shuame ကတော်တော်ကောင်းပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ ဒီကောင်က root,unroot,back up
    restore ,recovery mode တွေ ပါပါတယ်…….သူကတော့  china phone တော်တော် များများ
    အဆင်ပြေပါတယ်…….
 
 
 
 
 
 
 
 
 from - Double Star