ပရီးမီးယားလိဂ်

လာလီဂါ

Friday, March 22, 2013

Sony Xperia J ကို Root ပြုလုပ်ပုံ




ယနေ့မှာ လူကြိုက်များလာပြီး ဈေးနှုန်း ချိုသာသလို စွမ်းဆောင်ရည်လည်း မြင့်မားတဲ့ Sony Xperia J Handset ကို Root ပြုလုပ်ချင်သူတွေ အတွက် Root ပြုလုပ်နည်းကိုဖော်ပြပေးလိုက်
ပါတယ်။

လုပ်ဆောင်ရတာ ရိုးရှင်းပြီး လွယ်ကူတာကြောင့် အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ
 ဖြစ်ပါတယ်။
Sony Xperia J ကို Root ပြုလုပ်ဖို့အတွက် ပထမဆုံး သင့်ဖုန်းရဲ့ Build Number ကို အရင်ဆုံး စစ်ဆေးရပါမယ်။
သင် Root ပြုလုပ်မယ့် Handset ရဲ့ Build Number ဟာ 11.0.A.3.28 နဲ့ 11.0.A.3.18
ဖြစ်မဖြစ် အရင်ဆုံး ကြည့်ရပါမယ်။

အထက်ဖော်ပြပါ Build Number ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ Tool နဲ့ Xperia J ကို အလွယ်တကူ Root လုပ်နိုင်မှာ ဖြစ်ပါတယ်။
အထက်ပါ Build Number မဟုတ်ဘဲ 11.0.A.7.5 ဆိုရင်တော့ ဒီ Tool နဲ့အဆင်ပြေမှာ မဟုတ်ပါဘူး။

သင့် Handset ရဲ့ Build Number ကို သိချင်တယ် ဆိုရင်တော့ Systems အောက်က About အောက်မှာ Build Number ဆိုတာ ရှိပါတယ်။

အဲဒီမှာ သွားရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Build Number ဟာ Root ပြုလုပ်မယ့် Tool နဲ့ ကိုက်ညီတယ် ဆိုရင်တော့ သင့်ရဲ့ Handset ဟာ ကွန်ပျူတာနဲ့ ချိတ်ဆက်တဲ့အခါ သိဖို့အတွက် USB Debugging ကို Check လုပ်ထားပေးရပါမယ်။
USB Debugging ကို ဖွင့်ဖို့အတွက်ကတော့ Setting အောက်က Developer Options အောက်မှာ USB Debugging ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီမှာ အမှန်ခြစ်လေး ထည့်ပေးရမှာ ဖြစ်ပါတယ်။

Root လုပ်ဖို့အတွက်ကတော့ http://forum.xda-developers.com/attachm ent.php?attachmentid=1541927&d= 1354812913 ဆိုတဲ့ Link ကိုသွားပြီး Root_J.zip ဆိုတဲ့ ဖိုင်ကို အရင်ဆုံး Download ပြုလုပ်ရမှာ ဖြစ်ပါ
တယ်။
Download ပြုလုပ်ပြီးပြီဆိုရင်တော့ ရရှိလာတဲ့ zip ဖိုင်ကို Extract ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Extract ပြုလုပ်ပြီး ထွက်လာတဲ့ Folder ထဲကို ဝင်ရပါမယ်။ ပြီးရင် သင့်ရဲ့ Handset ကို ကွန်ပျူတာနဲ့ ချိတ်ဆက် ပေးရပါမယ်။

ပြီးရင်တော့ ခုနက Extract ပြုလုပ်ထားတဲ့ Folder အထဲက Runme.bat ဆိုတဲ့ ဖိုင်လေးကို Double Click  နှိပ်
လိုက်ပါ။ Root ပြုလုပ်ဖို့အတွက် အထဲမှာပါတဲ့ ညွှန်ကြားချက်တွေကို ဖတ်ကြည့်ပြီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Linux အသုံးပြုသူတွေအတွက်ကတော့ Runme.sh ဆိုတဲ့ ဖိုင်ကို Run ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Terminal မှာ ပြထားတဲ့ Process ကို ခဏ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဖိုင်တွေကို Backup ပြုလုပ်မှာလား မေးလာရင်တော့ သင့် Handset မှာ ဖိုင်တွေကို Backup ပြုလုပ်ဖို့အတွက်
ရွေးချယ်ပေးလိုက်ပါ။
ခဏကြာရင်တော့ သင့်ရဲ့ Xperia J Handset လေးဟာ Reboot ကျသွားမှာဖြစ်ပြီး၊ ပြန်တက်လာတယ် ဆိုရင်တော့ သင့် Handset ရဲ့ App location List ထဲမှာ Super SU ဆိုတဲ့ Super Man ပုံ Logo လေးနဲ့ Root ဖိုင်ကို တွေ့မြင်ရ မှာ ဖြစ်ပါတယ်။
Super SU ဖိုင်လေးကို တွေ့ရပြီ ဆိုရင်တော့ သင့်ရဲ့ Xperia J Handset လေးဟာ Root လုပ်ပြီးသွားပြီ ဖြစ်
ပါတယ်။ Root ပြုလုပ်ပြီးတဲ့ Handset လေးအတွင်းကိုတော့ မြန်မာစာဖောင့်ထည့်သွင်းလို့ ရပြီဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော Root Access ရှိမှ ထည့်သွင်းလို့ရတဲ့ Application တွေကိုလည်း ထည့်သွင်းနိုင်ပြီ
ဖြစ်ပါတယ်။

ကိုးကား – အင်တာနက်ဂျာနယ်

No comments:

Post a Comment