ပရီးမီးယားလိဂ်

လာလီဂါ

Wednesday, November 14, 2012

ဥပေက္ခာရဲ့သားကောင်


ဥပေက္ခာတရားတွေ မောင့်အပေါ်ဖုံးလွမ်းထားတာလား မရယ်
ဘယ်ဘ၀ရဲ့ ကုသိုလ်ကံကြောင့် မ မောင့်အပေါ်စိမ်းကားလွန်းရတာလဲ
ရင်ထဲမှာ ဒဏ်ရာတွေက တဆစ်ဆစ်ပဲ
မနဲ့စကားတွေပြောနေရင်းနဲ့ကို အဆိပ်တက်တက်လာတယ်
မရဲ့မောင့် အပေါ်မထင်မဲ့မြင် ပြုမှုတွေက
မောင့် ရင်ဘတ်ကြီးကို မီးကင်ခံထားရသလိုပဲ
ပူလောင်လွန်းတယ် ဆိုတာ
မ နားမလည်လို့များလား မရယ်
ဒါဟာ မ ပြစ်မဟုတ်ပါဘူး
မောင့်ရဲ့ သံသရာ ဝဋ်ကြွေး လို့မောင်သဘောထားပါတယ်
ဒီဘ၀နဲ့တင် ကျေပါစေတော့ မရယ်
နောင်ဖြစ်လေရာ ဘ၀တိုင်း မ ရဲ့ ဥပေက္ခာပြုမှုတွေရဲ့အဝေးမှာပဲ
မောင့်ကို ထားပါ ....................
မ ကို အရမ်းချစ်တဲ့
               ဥပေက္ခာရဲ့သားကောင်
                                aungkomyint91@gmail.com

No comments:

Post a Comment