ပရီးမီးယားလိဂ်

လာလီဂါ

Friday, October 26, 2012

အညတရ ကဗျာ



 ငါ ဟာ ကိုယ့်နှလုံးသားကို
ကိုယ့်ဟာကို အက်ဆစ် ကန်ထဲ တွန်းချနေသူတစ်ယောက်
ဘာဖြစ်လို့လဲ
ဒါဟာ ၀ဋ်ကြွေးတစ်ခုလား
ငါ ကိုယ်တိုင် ကပဲ ဦးနှောက်မရှိလို့လား
တစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ဖြစ်လာတဲ့
အရာတိုင်း ငါ က ဘာလို့ခေါင်းငုံ့ပေးနေရတာလဲ
ဒါဟာ မိုက်မဲတာလား
ငါ့ ရဲ့မိုက်မဲခြင်းက ဖြူစင်မှုကို ဖြစ်စေမှာလား
ငါ ယုံကြည်ခဲ့သမျှ
ငါ့ယုံကြည်မှု မှန်သမျှ
ရိုက်ချိုးခံခဲ့ရတာ ဆိုရင် ငါ့ရှေ့မှာ ဖြစ်တာမို့
ငါ ဖြေသာပါသေးတယ်
အခုဟာ က............
ယုံကြည်မှု ဆိုတာ မြူမှုန်လောက်လေးမှ မရှိတော့အောင်ကို
ပျောက်ဆုံးသွားတာ ရှင်သန်ခြင်းကင်းမဲ့သွားတာ
ငါ ဟာ လူတွေနဲ့ ဖြူစင်စွာ ရှင်သန်ချင်တယ်
ငါ ဟာ လူတွေနဲ့ ရိုးသားစွာ ရှင်သန်ချင်တယ်
ငါ ဟာ လူတွေနဲ့ ယုံကြည်စွာ ရှင်သန်ချင်တယ်
ငါ ဟာ လူတွေကို မိုက်မဲစွာနဲ့ ဖြူစင်ခြင်းတွေ
ဆေးသုတ်သလို သုတ်ပေးနေမိတယ်
ငါ ဟာ လူတွေကို မိုက်မဲစွာနဲ့ ရိုးသားခြင်းတွေ သင်ပေးနေမိတယ်
ငါ ဟာ လူတွေကို မိုက်မဲစွာနဲ့ ယုံကြည်နေချင်သေးတယ်
ငါ့နှလုံးသားရဲ့ အတိမ်အနက် ကို လာစမ်းနေတာလား
ချစ်သူ
ငါ ဟာ သူတော်စင် မဟုတ်သလို သူတော်ကောင်းလည်း ဟုတ်ချင်မှ ဟုတ်မယ်
ငါ ဟာ ဘာမှ မဟုတ်တဲ့ အညတရ ပုထုဇဉ် ပါ


                                                 aungkomyint91@gmail.com

No comments:

Post a Comment