ပရီးမီးယားလိဂ်

လာလီဂါ

Thursday, October 25, 2012

အလွမ်း

ဘာမှမပိုင်တဲ့ ကျွန်တော့ ဘဝကြီးထဲမှာ
လျို့ဝှက်သေတ္တာလေး တစ်လုံးတော့ ပိုင်တယ်။

အထဲမှာ မြတ်နိုးမှုတွေရှိတယ် ဖွင့်ပြဖို့တော့ မရည်ရွယ်ဘူး
အရာအားလုံး လွင့်ပြယ်သွားမှာစိုးတယ်။

သော့ခတ်ပြီးတော့လဲ မသိမ်းချင်ဘူး
မွန်းကြပ်လွန်းပြီး ဘဝ အဓိပ္ပါယ် ပျောက်သွားလိမ့်မယ်။

ဘာမှ မဆိုင်တဲ့ ကျွန်တော့ အနာဂတ်ထဲမှာ
လျို့ဝှက်ကြယ်လေး တစ်လုံး ရှိတယ်။

တခါတခါ တမ်းတမိတိုင်း
အဲဒီ ကြယ်လေးကို ရင်ဖွင့်မိတယ်။

သူမကြားပေမယ့် ငါကြားတယ်
အသံတွေတောင် ကွဲအက်လို့။

နာရီသံကတော့ တချက်ချက် မှန်မှန်ပါပဲ
သတိရမိတဲ့ အတွေးတွေကိုတော့ ခပ်တင်းတင်း ဆွဲစေ့လိုက်တယ်
၁၅ မိနစ်အတွင်း ငြင်းဆန်ဖို့လေ။

၁မိနစ် ......,
၂မိနစ် ......,
၃မိနစ် ......,
၎မိနစ် ......,
၅မိနစ် ......,
၆မိနစ် ......,
၇မိနစ် ......,
၈မိနစ် ......,
၉မိနစ် ......,
၁၀မိနစ် ....,
၁၁မိနစ် ....,
၁၂မိနစ် ....,
၁၃မိနစ် ....,
၁၄မိနစ် ....,
၁၅မိနစ် ..............................
....
မိနစ်တံလေး ၁၅ချက်ပြေးသွားတယ်
အရာအားလုံးက ရှိမြဲအတိုင်းပါပဲ။
ကျွန်တော်ကတော့ ကောင်းကင်ပြာကြီးကို ငေးလျက် ...

ဒီညတော့ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို လွမ်းမယ်
မလွမ်းနဲ့လို့တော့ မတားပါနဲ့။

အလွမ်းဆိုတာကို ဘယ်သူပိုင်လို့လဲ
အလွမ်းဆိုတာကို လွမ်းနေသူသာပိုင်ပါတယ်။


မှတ်ချက်။
ဒီနေ့ တော့ လွမ်းနေမိပါတယ်။ ၁၅မိနစ်အတွင်း အတွေးပြောင်းပြစ်တာပါပဲ။ ဒါပေမယ့် ပြောင်းလို့ မရပါဘူး။ ဒီတစ်နေ့တော့ ခွင့်လွှတ်လိုက်ပါတယ်။ ထိန်းချုပ်ထားမိလို့ လူက နွမ်းနွမ်းလေးသာ ကျန်တော့တာမို့ပါ။


from - http://kositaung.multiply.com

No comments:

Post a Comment