ပရီးမီးယားလိဂ်

လာလီဂါ

Friday, October 26, 2012

ဟက်တက်လေးပဲ ထားထားမှာပါ. . . .

 
မမြင်ရတဲ့ နှောင်ကြိုးက
လူမသိသူမသိ
အတိုင်းအဆမဲ့စွာ ကြီးမားခဲ့တယ်
သံယောဇဉ်နဲ့ တင်းကြပ်လာတဲ့
နှလုံးသားတစ်ခုကြောင့်
တဒင်္ဂမှာ ဖြစ်သွားခဲ့တဲ့ စိတ်တစ်ခု
သေရာပါမယ့် စွဲလမ်းစိတ်ပေါ့
ကောင်မလေးရယ် ငါနင့်ကိုပြချင်လိုက်တာ
ငါနင့် အပေါ် ဘယ်လောက်ထိ စွဲလမ်းနေတယ်ဆိုတာကိုပေါ့
ငါက စိတ်ကူးနေတုန်းပဲ ရှိသေးတယ်
နင်က ခြေမြန် လက်မြန် နဲ့
ငါ့ရင်ကို ခွဲလိုက်တယ်
ငါ ကျေးဇူးတင်လိုက်တာဟာ. . . .
အရမ်းလည်း ၀မ်းသာသွားတယ်
ဒါပေမယ့်    ကောင်မလေးရယ်
နင်က တစ်ချက်လေးတောင်လှည့်မကြည့်ပဲ
ငါ့ ရင်ကို ခွဲသွားခဲ့တယ်
ငါ စိတ်ကူးတစ်ခုရတယ် သိလား ကောင်မလေး...........
နင် ယောင်ရမ်းပြီး မျက်လုံးလေး
ဝေ့ကြည့်လိုက်တာနဲ့ မြင်ရအောင်
ငါ့ ရင်ကို နင် ခွဲသွားတဲ့ အတိုင်းပဲ
ဟက်တက်လေး ထားထား မှာ ပါ   ကောင်မလေးရယ်


                                     aungkomyint91@gmail.com

No comments:

Post a Comment