ပရီးမီးယားလိဂ်

လာလီဂါ

Friday, October 26, 2012

ဘ၀တစ်ခု အချစ်တစ်ခု



ဘ၀....ဒါဟာ ဘဝ
ရှင်းရှင်းပြောရရင် ငါ့ဘဝ
အချစ်....ဒါဟာ အချစ်
နူးညံ့ခြင်း သိမ်မွေ့ခြင်း
ဖြစ်ချင်ဖြစ်မယ်
ဒါဟာ ဘ၀နဲ့ဆိုင်တယ်
ပင့်သက်ကို နင့်နေအောင် ရှိုက်ရင်း
အဖော်မဲ့တဲ့ ဘ၀ လမ်းဘေးမှာ တစ်ယောက်တည်းပေါ့
ဒီလို ချစ်သူမပါခဲ့တဲ့ ဂျစ်ပဆီ ဆန်တဲ့
နေ့တွေ ဖြတ်သန်းရင်း
ဆူးရှတဲ့ အလင်းတစ်ချို့ တောက်ပဖူးတယ်
ဘယ်လိုပဲဖြစ်ဖြစ် ကျနော် ကို ကျနော် လက်ဆွဲနှုတ်ဆက်မိတယ်
နေတတ်ရင် ကျေနပ်စရာကြီးပါ ဘ၀ကြီးက
ကျနော် ဘ၀မှာ လှပခြင်းကင်းမဲ့စွာ
ပျော်ခဲ့ရဖူးပါတယ်
စွန့်လွတ်စိတ်နဲ့ အသက်ဆက်ခဲ့ပေမယ့်လည်း
ဆုတောင်းခွင့်ရရင် ပိုင်ဆိုင်ချင်မိတာပေါ့
ငါဟာ မငိုတတ်ပေမယ့်လည်း
ဝမ်းနည်းစရာ ရှိရင်တော့ ၀မ်းနည်းတတ်တဲ့
သာမန်လူငယ်တစ်ယောက်ပါ


                                           aungkomyint91@gmail.com

No comments:

Post a Comment