ပရီးမီးယားလိဂ်

လာလီဂါ

Thursday, October 25, 2012

ဇာတ်နာ



ဘ၀က အပူချိန်လွန်တယ်
ငါ့ လက်ထဲ ရောက်ရင် ကျကွဲကုန်တာချည်းပဲ
မီးနဲ့ဆောက်တဲ့အိမ်မှာ ပန်းမပွင့်နိုင်တာ ..
ဝဋ်နာ ကံ နာ
သေချာတယ် ....
မနက်ဖြန်ဟာ
ဒါဏ်ရာ ရနေတဲ့ မြွေတစ်ကောင်လို
မျှော်လင့်ချက်တွေ
အထစ်ထစ် ငေါ့ငေါ့ စီးဆင်းနေမှာပဲ
ဖွဲမီး မှ မဟုတ် ဘူး ငါတို့ အားလုံးလည်း
တစ်ငွေ့ငွေ့  ကျွမ်းလောင် နေရတာ
မျက်ရည်နဲ့ ဖွေးဖွေးလှုပ်မှ
ပွင့်တဲ့ကောင်းကင်
အိမ်မက် အသိုးတွေနဲ့ ရင်မှာ
ပြေလည်ရာ ပြေလည်ကြောင်းက
ကိုယ့် ကို ကိုယ်  သတ် သေ သွား တယ်  .......။ 


from - http://kositaung.multiply.com

No comments:

Post a Comment